တကယ်ကို ဝမ်းနည်းဖွယ်ရာနှုတ်ဆက်စကားတွေပါ။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စ်မဲရိုးကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကာ နှစ်ဖက်အသင်းက တရားဝင်သတင်းကြေညာမှုတွေကို ပြုလုပ်သွားခဲ့ပါပြီ။ ကစားသမားကို ဆေးစစ်ဖို့နဲ့ ဗီဇာကိစ္စတွေသာ ကျန်ရှိတော့ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးကို လက်မှတ်ရေးထိုးထားပြီးပြီလို့သိရပါတယ်။ 

ကက်စ်မဲရိုးကို ၄နှစ်စာချုပ်၊ နောက်ထပ်သတ်တမ်းတနှစ်တိုးခွင့်နဲ့ ယူနိုက်တက်က စာချုပ်ချုပ်မှာဖြစ်ကာ တပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိပေးချေသွားမယ်လို့လည်း ဆိုပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ဟာ ယူနိုက်တက်က ကမ်းလှမ်းခဲ့ပြီး ၃ ရက်အတွင်းမှာပဲ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး နှစ်ဖက်အသင်းပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အပြောင်းအရွှေ့လည်းဖြစ်ပါတယ်။ 

အခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေက ကက်စ်မဲရိုးအတွက် နှုတ်ဆက်စကားတွေကို သူတို့ရဲ့ လူမှုကွန်ရက်နေ ရေးသားကာ နှုတ်ဆက်ခဲ့ကြပြီဖြစ်ပါတယ်။ ရီးရဲလ်ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ နှစ်အတန်ကြာတွဲဖက်ကစားပြီး မိုဒရစ်နဲ့အတူ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အတွဲအဖက်ကို ဖန်တီးတည်ဆောက်နိုင်ခဲ့တဲ့ တိုနီခရူးစ်ရဲ့ နှုတ်ဆက်စကားတွေကတော့ တကယ်ကို ဝမ်းနည်းဖွယ်ရာကောင်းနေခဲ့ပါတယ်။ 

ခရူးစ်က ""ငါ မင်းကို သတိရနေမှာပါ၊ စံပြပရော်ဖက်ရှင်နယ်ကစားသမားတဦးအနေနဲ့ရော၊ ထိပ်တန်းကစားသမားတဥိးအနေနဲ့ရောပေါ့၊ မင်းက ငါ့ကိုအကြိမ်ပေါင်းများစွာကယ်တင်ပေးခဲ့တဲ့ ဖိုက်တာတယောက်ပါ၊ ဒါပေမယ့် အားလုံးရဲ့အထက်မှာ မင်းက လူကောင်းတယောက် အဖြစ်နဲ့ရှိနေခဲ့တယ်၊ ငါတို့တွေ သမိုင်းကို ဖန်တီးခဲ့ပြီးပြီ၊ တကယ့်ကို ဒဏ္ဍာရီခေတ်ကြီးတခုပါ၊ အခုတော့ မင်းက ဒီလမ်းကြောင်းပေါ်ကနေ သွေဖွယ်သွားခဲ့ပြီဆိုပေမယ့် ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေက ရှိနေသေးတယ်ဆိုတာ ငါ အာမခံနိုင်တယ်၊ မင်းအကောင်းဆုံးဖြစ်ပါစေ သူငယ်ချင်း"

"မင်းနဲ့ မကြာခင်မှာ ပြန်တွေ့ဦးမယ်လို့လည်း ငါ ထင်တယ်၊ ကံကောင်းပါစေကွာ၊မင်းရဲ့ တိုနီ.." လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တော်တော်လေးခင်မင်ရင်းနှီးခဲ့သူတွေဖြစ်ပြီး တယောက်နဲ့တယောက် ခေါင်းကို အားနဲ့ရိုက်ပုတ်ပြီး စနောက်ကာ ရယ်မောပျော်ရွှင်နေခဲ့တဲ့အထိ သူတို့နှစ်ဦးကြား ဆက်ဆံရေးက ခိုင်မာနေခဲ့တာလည်းဖြစ်ပါတယ်။ 

အခုအခါမှာတော့ ကက်စ်မဲရိုးက အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အတွဲအဖက်တခုကတော့ ဘက်ပဲ့သွားခဲ့ပြီဖြစ်ပါတယ်။ မိုဒရစ်၊ ဘန်ဇီမာတို့အပါအဝင် အခြားသောရီးရဲလ်အသင်းဖော်တွေကလည်း ကက်စ်မဲရိုးအတွက် ဆုတောင်းစကားတွေနဲ့အတူ နှုတ်ဆက်ခဲ့ကြပါသေးတယ်။ 


Share

Loading Next Article...
က္က