ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။

ဘာစီလိုနာအသင်းတိုက်စစ်မှူးအဂူရိုဟာ ကစားသမားဘ၀ကနေ အနားယူပြီလို့ ဒီနေ့မှာ တရားဝင်အတည်ပြုကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ နှလုံးပြသနာကြောင့် အနားယူနေရာကနေ ပြန်လည်သက်သာလာခြင်းမရှိလို့ ဘောလုံးကစားခြင်းကနေ အပြီးတိုင်းအနားယူဖို့ဖြစ်လာခဲ့ရတာပါ။



အာဂျင်တိးနားတိုက်စစ်မှူးဟာ သူ အနားယူမယ့်အကြောင်းကို ကြေညာခဲ့စဉ်မှာတော့ မျက်ရည်တွေပါ ကျခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်။ ကစားသမားဘ၀ကနေ စောစီးစွာအနားယူခဲ့ရတာဖြစ်ပြီး ဒီရာသီမှာမှ ဘာစိလိုနာကို မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ်အတွက် ပွဲပေါင်း ၅ ပွဲတောင် ပြည့်အောင်မကန်ခဲ့ရဘဲ အနားယူလိုက်ရတာလည်းဖြစ်ပါတယ်။ 

"ကျွန်တော့်ကျန်းမာရေးအကြောင်း အရင်ပြောပါ့မယ်၊ ဆေးဝန်ထမ်းတွေက ကျွန်တော့်ကို ဘောလုံးကစားတာရပ်တန့်တော့လို့ ပြောခဲ့ပါတယ်၊ ဒါက အကောင်းဆုံးပဲလို့ သူတို့ အကြံပေးပါတယ်၊ ဒါကြောင့် ကျွန်တော် ဘာစီလိုနာနဲ့ ဘောလုံးလောကကနေ နုတ်ထွက်ခဲ့ရတာပါ၊ အခုလို နုတ်ထွက်ရချိန်မှာ ခေါင်းမော့ထားပါတယ်၊ ကျွန်တော့်ရဲ့ လာမယ့်ဘ၀မှာ ဘာတွေစောင့်ကြိုနေမလဲဆိုတာမသိဘူး"

"လူအများအပြားက ကျွန်တော့်ကို ချစ်ခင်မြတ်နိုးတယ်ဆိုတာကို ကျွန်တေ်သိပါတယ်၊ ပြီးတော့ ကျွန်တော့်အတွက်လည်း သူတို့က အကောင်းဆုံးဖြစ်စေချင်ကြပါတယ်" လို့ အဂူရိုက မျက်ရည်လည်ရွဲနဲ့ ပြောဆိုသွားခဲ့ပါတယ်။ အဂူရိုဟာ မန်စီးတီးရဲ့ သမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

အက်သလက်တီကိုမက်ဒရစ်မှာ အောင်မြင်ခဲ့ပြီးနောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျူပီအာနဲ့ပွဲမှာ အဖိုးတန်အနိုင်ဂိုးကို နောက်ဆုံးစက္ကန့်မှာသွင်းယူပေးခဲ့မှုက အထင်ရှားဆုံးလည်း ဖြစ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က