In partnership with  logo
Honor of Kings ဂိမ်းကို ကမ္ဘာအနှံ့ download ရယူမှုပေါင်း သန်း ၅၀ ကျော်သွားပြီဖြစ်ပါတယ်။

Honor of Kings ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ download ရယူမှုပေါင်း သန်း ၅၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ခုအောင်မြင်မှုအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကစားသမားတွေက ဂိမ်းထဲကို ဝင်လိုက်တာနဲ့ ဒါမှမဟုတ် ဂိမ်းတွင်းအစီအစဥ်တွေမှာ ပါဝင်လိုက်တာနဲ့ ဆုလက်ဆောင်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Honor of Kings ရဲ့ လူမှုအသိုင်းအဝိုင်းအပေါ် တစိုက်မတ်မတ် ကတိကဝတ်ပြုထားမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့် ဇူလိုင် ၂၅ ရက်နေ့မှာ ထွက်ရှိမယ့် in-game patch မှာ မြန်မာနိုင်ငံက Honor of Kings ကစားသူတွေအတွက် ဂိမ်းကစားရာမှာ ပိုမိုလက်လှမ်းမီပြီး လွယ်ကူစေနိုင်ဖို့ မြန်မာဘာသာစကားဖြင့်ရွေးချယ်ကာ ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။





Esports World Cup ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု IMPUNITY Myanmar အသင်းကဝင်ရောက်ယှဥ်ပြိုင်


ဂိမ်းတွင်းအစီအစဥ်ပေါင်းများစွာနဲ့ heroes အသစ်များကိုလည်း Honor of Kings မှာ တဖြည်းဖြည်းချင်း မိတ်ဆက်ပေးသွားမှာပါ။ Esports ကဏ္ဍအနေနဲ့ကတော့ အမေရိကန်​ဒေါ်လာ ၃ သန်း အထိ ဆုကြေးငွေများ ချီးမြှင့်သွားမယ့် ​Honor of Kings Invitational Midseason x Esports World Cup ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု IMPUNITY Myanmar အသင်းက ဩဂုတ်လ ၁ ရက်နေ့ကနေ စတင်ပြီး ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

HOK Invitational Midseason x Esports World Cupပြိုင်ပွဲ


ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့မှာ ကျင်းပမယ့် HOK Invitational Midseason x Esports World Cup ကို ဝင်ခွင့်အဆင့်မှီနိုင်ဖို့ အသင်းပေါင်း (၁၃) သင်းက ပါဝင်ယှဥ်ပြိုင်ခဲ့ရတဲ့ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ HOK Invitational Season 2 ပွဲကြီးမှာလည်း AhXing, Black, XHero, XiaoLin နဲ့ Megumi တို့နဲ့ ဖွဲ့စည်းထားတဲ့ IMPUNITY အသင်းက အကောင်းဆုံး ယှဥ်ပြိုင် ဆော့ကစားခဲ့ကြပါတယ်။



IMPUNITY အသင်းရဲ့ စကားသံ

 

Esports World Cup မှာ သွားရောက်ယှဥ်ပြိုင်ဖို့နဲ့ အခြားနိုင်ငံတကာက ကျွမ်းကျင်ကစားသမားတွေကို ရင်ဘောင်တန်း ဆော့ကစားရတော့မှာ ဖြစ်တဲ့အတွက် IMPUNITY အသင်းရဲ့ စိတ်လှုပ်ရှားနေတဲ့အကြောင်းကို “မြန်မာနိုင်ငံမှာလည်း ဒီလို တကယ်တော်တဲ့ ကစားသမားတွေရှိတယ်ဆိုတာကို သက်သေပြလို့ရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်သွားပါမယ်” လို့ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့ကို မထွက်ခွာမီ ပြုလုပ်ခဲ့တဲ့ မီဒီယာအင်တာဗျုးမှာ IMPUNITY အသင်းက ပြောကြားခဲ့ပါသေးတယ်။

 

HOK Invitational Season 2 မှာ IMPUNITY အသင်းကို အကောင်းဆုံး အနိုင်ယူခဲ့တဲ့ Brazilian အသင်း Loops ကို IMPUNITY က ပြန်လည်ချေပနိုင်ဖို့ အခွင့်အရေးရနိုင်တော့မှာလား? Kagendra အသင်းနဲ့ ယှဥ်ပြိုင်ကစားတာကို အားပေးနိုင်ဖို့ မြန်မာစံတော်ချိန် ညနေ ၅း၃၀၊ ဩဂုတ်လ ၁ ရက်နေ့မှာ Honor of Kings Official Myanmar Facebook Page - https://www.facebook.com/HonorofKingsMyanmar ကနေ ဝင်ရောက်ကြည့်ရှုနိုင်တာကြောင့် Like & Follow လုပ်ထားကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။



IMPUNITY အသင်းအကြောင်း

 


HOK Invitational Midseason ပွဲစဥ်တွေကို YouTube, Facebook, နဲ့ TikTok တို့ကနေ လက်မလွှတ်တမ်း စောင့်ကြည့်နိုင်ပြီး Honor of Kings ဂိမ်းကို ဆော့ကစားနိုင်ဖို့ App Store နဲ့ Play Store တို့ကနေ အခုပဲ ​ဒေါင်းလုပ်ရယူနိုင်ပါတယ်။

 

HOK MM FB: https://www.facebook.com/HonorofKingsMyanmar

HOK MM TikTok: https://www.tiktok.com/@hokmmofficial

Instagram:@hok_global_esports

Facebook: @hokglobalesports

Twitter: @HoKEsports

YouTube: @hokglobalesports2022

Twitch: @hok_global_esports

Level Infinite YouTube: https://www.youtube.com/@lvlinfinite



Honor of Kings အကြောင်း


TiMi Studio Group ကနေ ဖန်တီးထားတဲ့ Honor of Kingsဟာဆိုရင် အသင်းအဖွဲ့လိုက် ထိပ်တိုက်ယှဥ်ပြိုင်ကစားရတဲ့ စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ နေ့စဥ်ပုံမှန်ဆော့ကစားသူ သန်း (၁၀၀) ကျော်နဲ့ တရားဝင်စာရင်းသွင်းကာ ကစားသူပေါင်း သန်း (၂၀၀) ကျော်ထိ ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး MOBA ဂိမ်းတစ်ခု ဖြစ်လာပြီ ဖြစ်ပါတယ်။ Honor of Kings ဂိမ်းဟာ ဆော့ကစားသူတွေအတွက် ထူးခြားဆန်းပြားပြီး အရောင်အသွေးစုံလင်တဲ့ နေရာတစ်ခု ဖြစ်စေနိုင်ဖို့အတွက် အသေးစိတ်ဖန်တီးထားပြီး မတူကွဲပြားတဲ့ ဂိမ်းဇာတ်ကောင်များ၊ စစ်မြေပြင်ပုံစံများအပြင် နာမည်ကြီး တေးရေးဆရာများ ဖြစ်တဲ့ Hans Zimmer ၊ Joe Hisaishi နဲ့ Howard Shore တို့ တီးခတ်ထားတဲ့ ဂီတသံစဥ်‌တွေနဲ့ပါ ဖန်တီးထားတာဖြစ်ပါတယ်။ဂိမ်းတွင်း ငွေကြေးသုံးစွဲမှုတွေကြောင့် မဟုတ်ဘဲ ကစားသမားတွေရဲ့ ကျွမ်းကျင်မှုနဲ့ နည်းဗျူဟာတွေဖြင့်သာ အောင်မြင်မှုကို သတ်မှတ်တာ‌ကြောင့် Honor of Kings ဂိမ်းဟာ ကစားသူတွေအတွက် လွတ်လပ်စွာ ကစားနိုင်ပြီး သမာသမတ်ကျကျ အနိုင်ရယူနိုင်တဲ့ ဂိမ်းတစ်ခုအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ Honor of Kings ဂိမ်းဟာဆိုရင်တော့ အခြေခံအဆင့် စတင်ကစားသူတွေကနေ ထိပ်တန်း စွမ်းဆောင်ရည်မြင့် ကစားသမားတွေအထိ ထိပ်တိုက်ယှဥ်ပြိုင်ကစားနိုင်ဖို့ ဖန်တီးပေးထားတဲ့ တိုးတက်မှုထွန်းကားစေမယ့် esports ဂေဟစနစ်ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Honor of Kings အကြောင်းပိုမို လေ့လာနိုင်ရန်  Twitter, Facebook, Youtube, Instagram တို့ကို follow လုပ်နိုင်တဲ့အပြင် Honor of Kings တရားဝင် ဝက်ဘ်ဆိုဒ်မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

 

Level Infinite အကြောင်း

 

Level Infinite ဟာ Tencentရဲ့ နိုင်ငံတကာ ဂိမ်းအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ ဂိမ်းကစားသူတွေအတွက် အချိန်မရွေး ဘယ်သူနဲ့ မဆို ကစားနိုင်တဲ့အပြင် စိတ်ဝင်စားစရာကောင်းပြီး သဘာဝကျတဲ့ ဂိမ်းဆော့မှု အတွေ့အကြုံကို ပေးဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒ့အပြင် ဂိမ်းတွေကို စတင်ဖန်တီးနိုင်ဖို့ Level Infinite ဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ developers တွေနဲ့ မိတ်ဖက်စတူဒီယိုတွေ ပူးပေါင်းပါဝင်တဲ့ ကွန်ရက်တွေကို မတူညီတဲ့ ဝန်ဆောင်မှုတွေကို အရင်းအမြစ်များစွာနဲ့ ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။ Level Infiniteဟာ PUBG MOBILE ၊ Honor of Kings နဲ့ Goddess of Victory: NIKKE တို့လို နာမည်ကြီးဂိမ်းထုတ်လုပ်သူဖြစ်တဲ့ အပြင် Dune: Awakening from Funcom ၊ Path of Exile 2 from Grinding Gear Games နဲ့ တခြားဂိမ်းတွေအတွက်လည်း ပူးပေါင်းမိတ်ဖက်ပါတနာ ဖန်တီးသူလည်း ဖြစ်ပါတယ်။ Level Infinite အကြောင်း ပိုမိုလေ့လာလိုပါက www.levelinfinite.com တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

 


 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က