အုပ်စုဒုတိယပွဲမှာ နိုင်ပွဲစရခဲ့ပါတယ်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက တီမော အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ စင်ကာပူကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက ပွဲထွက်ကစားသမားအများစုကို ပြောင်းလဲခဲ့ပြီး တိုက်စစ်မှာလည်း ကိုဗစ်-၁၉ ကြောင့် ပထမပွဲ လွဲချော်ခဲ့တဲ့ သန်းပိုင် ပြန်လည်ပါဝင်ခဲ့ပါတယ်။


မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး သန်းပိုင်က ပထမပိုင်းမှာ တစ်ဂိုးနဲ့ မောင်မောင်လွင်က ဒုတိယပိုင်းမှာ တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ တီမောကို အနိုင်ရခဲ့တဲ့အတွက် ရမှတ် သုံးမှတ်နဲ့ အုပ်စု တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

တီမောအသင်းကတော့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စုအောက်ဆုံးမှာ ကျရောက်နေပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၁ ရက်မှာတော့ အုပ်စု တတိယပွဲစဉ်အဖြစ် မြန်မာအသင်းက ထိုင်းအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ဆိုရင်တော့ မြန်မာအသင်းဟာ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်းတို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရအောင် ကစားရမှာလည်းဖြစ်ပါတယ်။ ထိုင်းနဲ့ စင်ကာပူကလည်း အဖွင့်ပွဲတွေမှာ နိုင်ပွဲရရှိထားတဲ့ အသင်းတွေဖြစ်ပါတယ်။

ထိုင်းနဲ့ကစားရမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ပွဲက မြန်မာအသင်းအတွက် အုပ်စုအဆင့်ကတက်ရောက်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ်တော့ရှိနေပါတယ်။ အဆိုပါပွဲကို အနိုင်ရထားမှသာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပွဲက မျှော်လင့်ချက်ရှိနေမှာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က