မြန်မာအသင်းနဲ့ အဝေးကွင်းပွဲအဖြစ် ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြောက်ကိုရီးယားတိုက်စစ်ကို Kwang Song Han က ဦးဆောင်လာမှာပါ။ သူကတော့ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ဖူးပြီး နာမည်ကျေော်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အသင်းဖော်တွေအဖြစ် တခဏရှိခဲ့ဖူးသူဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက ပရိသတ်စိတ်ဝင်စားမှုကို ရရှိခဲ့သူဖြစ်ပြီး အကြောင်းကြောင့်သာ အားလုံးရှေ့က ပျောက်ကွယ်ခဲ့ရသူပါ။ သူဟာ ဂျူဗီအပြင် ပီရူဂျီယာ၊ ကယ်ဂလီယာရီတို့မှာလည်း ကစားခဲ့ဖူးပါတယ်။
ခြေစွမ်းခြေစက ကောင်းလွန်းလို့ ဂျူဗီကခေါ်ယူခဲ့တာပါ။ ဖြစ်ချင်တော့ နိုင်ငံရေးအရ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် သူ့ကို အသင်းမှာ လစာပေးခေါ်ယူထားတာက အဆင်မပြေခဲ့ပါဘူးး။ ဒါကြောင့် ဂျူဗီက ကာတာကလပ်အယ်လ်ဒူဟေးဆီ ရောင်းချခဲ့ပါတယ်။ အဲဒီမှာလည်း သူ ၇ လပဲ ကစားလိုက်ရပါတယ်။ ကာတာကလည်း နိုင်ငံရေးအရ ပြသနာအဖြစ်မခံချင်တော့ သူ့ကို စာချုပ်ဖျက်လိုက်ပါတယ်။
ဒီမှာတင်ပဲ Kwang Song Han ဟာ မြောက်ကိုရီးယားကို ပြန်သွားခဲ့ရပြီး အခုထိ အသင်းမရှိတော့ပါဘူး။ ပြည်တွင်းမှာပဲ လှည့်ပတ်ကစားပြီး ကစားသမားဘ၀ကို အသက်ဆက်နေခဲ့ရပါတယ်။ အခု မြောက်ကိုရီးယားက ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ကစားချိန်မှာတော့ သူ့ကို ပြန်မြင်လာရပါပီ။ မနက်ဖြန်ဆိုရင် မြန်မာနဲ့ ကစားရမယ့်ပွဲမှာ မြောက်ကိုရီးယားတိုက်စစ်ကို သူ ဦးဆောင်လာမှာပါ။ ရော်နယ်ဒိုနဲ့ အသင်းဖော်ခဏတာဖြစ်ခဲ့ပြီး ဂျူဗီလိုအသင်းမှာ လေ့ကျင့်ခဲ့ရလို့ သူ့ခြေစွမ်းက စိတ်ဝင်စားစရာပါပဲ။
သူ့ခြေစွမ်းက တော်တော်လေးကောင်းမွန်တယ်လို့ မှတ်ချက်ပြုခံခဲ့ရပြီး ဥရောပမှာ အောင်မြင်နိုင်တဲ့ အနေအထားရှိခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရေးအရ အဆင်မပြေမှုတွေရှိခဲ့ကာ သူ့ကစားသမားကို ရိုက်ခတ်ခဲ့ရပါတယ်။ အခု မြောက်ကိုရီးယားက နိုင်ငံတကာပွဲတွေ ပြန်လည်ကစားချိန်မှာတော့ သူ့ကို မြင်တွေ့ရပြီဖြစ်ပါတယ်။ ဆီးရီးယားကို အရေးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ သူ ပွဲထွက်ပါဝင်လာခဲ့ပါသေးတယ်။ မြန်မာနဲ့ပွဲမှာတော့ သူ့ကို မြန်မာပရိသတ်တွေက သတိထားစောင့်ကြည့်သွားဖို့လည်း ရှိနေပါတယ်။