Flymya မှ တင်ဆက်ထားပါသည်။

၂၀၂၆ မှာ ခရီးသွားလောက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ သိချင်ကြလား? 



ခရီးသွားလုပ်ငန်းကြီးကတော့ အချိန်တွေ လည်ပတ်နေသလိုပဲ တကယ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာပါ။၂၀၂၆ မှာလည်း မြန်မာခရီးသွားတွေရဲ့ စိတ်ဝင်စားမှုနဲ့ ခရီးသွားပုံစံတွေ ဘယ်လို ပြောင်းသွားမလဲ ဆိုတာ နိုင်ငံတကာရော၊ ပြည်တွင်း ခရီးစဉ်တွေကိုပါ ၉ နှစ်ကျော် စီစဉ်ပေးဖူးတဲ့ အတွေ့အကြုံရှိသူ Flymya ရဲ့ ခရီးသွား အတိုင်ပင်ခံ ကိုမင်းဆက်ပိုင် ကို မေးမြန်းထားပါတယ်။

၁။ အလွယ်ကူဆုံး ရွေးချယ်မှုနဲ့ အရှေ့တောင်အာရှခရီးစဉ်များ 

အရှေ့တောင်အာရှဒေသဟာ ၂၀၂၆ ခုနှစ်မှာ မြန်မာခရီးသွားများအတွက် နံပါတ် (၁) ရွေးချယ်စရာအဖြစ် ဆက်လက်တည်ရှိနေမှာ သေချာပါတယ်။

အကြောင်းရင်းများ

အလွယ်တကူ သွားလည်နိုင်ခြင်း - ရန်ကုန်/မန္တလေးကနေ သွားလည်မယ်ဆိုရင် လေယာဉ်ခရီးစဉ် တိုတောင်းပြီး ဗီဇာကင်းလွတ်ခွင့် ဒါမှမဟုတ် ဗီဇာလုပ်ငန်းစဉ် လွယ်ကူတာက အဓိကကျပါတယ်။

စရိတ်သက်သာခြင်း - လေယာဉ်၊ ဟိုတယ်နဲ့ အစားအသောက် စရိတ် သက်သာမှုကလည်း အကောင်းဆုံးရွေးချယ်မှုအဖြစ် ဆက်ရှိနေပါတယ်။

ပုံစံမျိုးစုံ ခရီးစဉ်များအတွက် သင့်တော်ခြင်း - မိသားစု၊ ဟန်းနီးမွန်းနဲ့ အဖွဲ့လိုက်ခရီးစဉ်အတွက် စုံလင်တဲ့ ရွေးချယ်စရာတွေ ပေါများပါတယ်။

ထိုင်းနိုင်ငံ - ဘန်ကောက်နဲ့ ချင်းမိုင်မှာ လည်ပတ်တာ၊ ဈေးဝယ်ထွက်စရာနေရာ များတာတွေကြောင့် ထိုင်းနိုင်ငံဟာ မြန်မာခရီးသွားများကြားမှာ အမြဲတမ်း ရေပန်းစားနေမယ့်နေရာတစ်ခု ဖြစ်ပါတယ်။

ဗီယက်နမ် - Halong Bay ကမ်းခြေလို သဘာဝအလှ၊ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ကြီးတွေမှာ အစားအသောက်တွေကို မြည်းစမ်းကြည့်ရင်း အနုပညာပြတိုက်တွေကို လည်ပတ်နိုင်တဲ့ အတွေ့အကြုံတွေကြောင့် ဗီယက်နမ်နိုင်ငံကို လူကြိုက်များကြပါတယ်။ 

မလေးရှား - ကွာလာလမ်ပူရဲ့ ခေတ်မီဆန်းပြားမှုနဲ့ ပီနန်းရဲ့စည်ကားမှုက မိသားစုခရီးစဉ်တွေအတွက်ရော၊ အဖွဲ့လိုက်ခရီးစဉ်တွေအတွက်ပါ ပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။

စင်ကာပူ - ကမ္ဘာ့အဆင့်မီ စားသောက်ဆိုင်တွေ၊ Gardens by the Bay ဥယျာဉ်နဲ့ ဇိမ်ခံဈေးဝယ်စင်တာတွေကြောင့် ဈေးကြီးပေမဲ့လည်း ခရီးသွားအတွေ့အကြုံသစ် ရှာဖွေသူတွေအတွက် ဆွဲဆောင်မှုရှိနေဆဲပါ။

အင်ဒိုနီးရှား (ဘာလီ) - အပန်းဖြေဖို့ရော၊ ဟန်းနီးမွန်းထွက်ဖို့ပါ သင့်တော်တဲ့ ဘာလီကျွန်းမှာတော့ ရင်သပ်ရှုမောဖွယ်ကမ်းခြေတွေ၊ ယောဂနဲ့ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေစခန်းတွေကြောင့် ခရီးထွက်ဖို့ ထိပ်ဆုံးမှ ရွေးချယ်စရာတစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေမှာဖြစ်ပါတယ်။

ကိုမင်းဆက်ပိုင် အကြံပေးတာက "ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ စင်ကာပူတို့မှာ ဈေးဝယ်ထွက်တာ၊ မြို့ထဲ လည်ပတ်တာနဲ့ ပွဲတော်တွေဆင်နွှဲတာက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အင်ဒိုနီးရှား (ဘာလီ) ဟာလည်း အမြဲတမ်း လူကြိုက်များတဲ့နေရာထဲကနေ ချန်ထားခဲ့လို့မရပါဘူး" တဲ့။


ထိပ်တန်း လည်စရာနေရာများ - ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘာလီ

ကိုမင်းဆက်ပိုင် အကြံပေးတာက "ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ စင်ကာပူတို့မှာ ဈေးဝယ်ထွက်တာ၊ မြို့ထဲ လည်ပတ်တာနဲ့ ပွဲတော်တွေဆင်နွှဲတာက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အင်ဒိုနီးရှား (ဘာလီ) ဟာလည်း အမြဲတမ်း လူကြိုက်များတဲ့နေရာထဲကနေ ချန်ထားခဲ့လို့မရပါဘူး" တဲ့။

အရှေ့တောင်အာရှ ခရီးစဉ်များအတွက် အကောင်းဆုံး Tour Package များကို Flymya မှာ ရွေးချယ်ပါ

၂။ အာရှယဉ်ကျေးမှုနဲ့ ဆန်းသစ်တဲ့ယဉ်ကျေးမှုဓလေ့များ

အာရှဒေသကတော့ ထူးခြားဆန်းသစ်တဲ့ ယဉ်ကျေးမှု အတွေ့အကြုံတွေကို ရှာဖွေလိုသူအတွက် သဘောကျစရာဖြစ်လာမှာပါ။

လူကြိုက်များတဲ့ နိုင်ငံများ

ဂျပန် - ရာသီအလိုက် ပန်းပွင့်ချိန်၊ ဆောင်းဦးရွက်ကြွေချိန်လို လှပတဲ့ သဘာဝရှုခင်းတွေ၊ ခေတ်မီနည်းပညာနဲ့ အနုပညာ၊ ဖက်ရှင်အလှအပတွေကြောင့် ဂျပန်နိုင်ငံဟာလည်း ခရီးစဉ်စာရင်းမှာ အလေးထားရွေးချယ်ကြပါတယ်။ 

တောင်ကိုရီးယား - K-Pop, K-Drama တွေကို နှစ်သက်သူတွေ၊ ခေတ်မီဖက်ရှင်စတိုင်လ်နဲ့ အလှအပရေးရာကို စိတ်ဝင်စားပြီး ဈေးဝယ်ထွက်ချင်သူတွေအတွက်တော့ တောင်ကိုရီးယားဟာ လည်ရမယ့်စာရင်းထဲမှာ မဖြစ်မနေ ထည့်ထားသင့်တာပေါ့။ 

အိန္ဒိယ - ရှေးဟောင်းယဉ်ကျေးမှုနှင့် စိတ်ဝိဉာဉ်ခရီးစဉ်

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ထူးခြားဆန်းပြားသော အလှ၊ အက၊ အစားအသောက်များအပြင် စိတ်ဝိဉာဉ်ဆိုင်ရာ အပန်းဖြေမှု (ဥပမာ- ယောဂ) များကို စိတ်ဝင်စားသူများအတွက် အိန္ဒိယခရီးစဉ်က အဓိက ရွေးချယ်စရာဖြစ်လာမည်။

အိန္ဒိယ - မြန်မာခရီးသွားတွေအတွက်တော့ အိန္ဒိယခရီးစဉ်မှာ အဓိကအကျဆုံးမှာ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် သစ္စာလေးပါးတရား သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူရာ မဟာဗောဓိပင်၊ မိဂဒါဝုန်နဲ့ ရာဇဂြိုဟ်နေရာတွေကတော့ ခရီးသွားတွေ အလည်များတဲ့နေရာတွေပါ။ ဗုဒ္ဓဂါယာအပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ထူးခြားဆန်းပြားတဲ့ အလှ၊ အက၊ အစားအသောက်တွေအပြင် ယောဂကို စိတ်ဝင်စားသူတွေအတွက် အိန္ဒိယခရီးစဉ်က ၂၀၂၆ မှာ အဓိက ရွေးချယ်စရာဖြစ်လာမှာပါ။

တရုတ်ပြည် - သမိုင်းဝင်အဆောက်အအုံတွေနဲ့ ခရီးသွားအတွေ့အကြုံမျိုးစုံကို ခံစားချင်ရင်တော့ တရုတ်ပြည်က ပေါကြွယ်တဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းတွေ၊ လည်စရာများပြားတဲ့ မြို့ကြီးတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ 

ကိုမင်းဆက်ပိုင် အကြံပေးတာက "ကိုရီးယားအနုပညာ (K-Pop, K-Drama) နဲ့ ဈေးဝယ်ထွက်တာကို ဝါသနာပါသူတွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားက အထူးသင့်တော်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုခရီးစဉ်တွေကို စိတ်ဝင်စားရင်တော့ အိန္ဒိယဟာ အဓိက ရွေးချယ်စရာပါ" တဲ့။

အာရှအနှံ့လည်ပတ်ဖို့အတွက် Flymya ရဲ့ Tour Package များ

၃။ ဥရောပ အိပ်မက်ခရီးစဉ်များ 

ဥရောပတိုက်ခရီးစဉ်တွေကတော့ ကြင်စဦးမောင်နှံတွေအတွက် ဟန်းနီးမွန်း၊ မိသားစုအလည်အပတ်နဲ့ ရက်ရှည်၊ ဈေးကြီးတဲ့ ခရီးစဉ်တွေ အတွက် မြန်မာခရီးသွားတွေရဲ့ အိပ်မက်ပန်းတိုင်အဖြစ် ဆက်ရှိနေတုန်းပါပဲ။ ၂၀၂၆ ခုနှစ်အတွက် ခရီးသွားလာမှု ပုံစံတွေမှာ အောက်ပါအတိုင်း ပြောင်းလဲမှုတွေ တွေ့ရပါတယ်။

ခရီးသွားပုံစံများ ပြောင်းလဲလာပုံ

ပေါင်းစပ်ခရီးစဉ်များ (Multi-Country Tours)

ခရီးစဉ်တစ်ခုကို ၂ နိုင်ငံမှ ၃ နိုင်ငံအထိ ပေါင်းစပ်သွားလာကြတာကို ပိုရွေးချယ်လာကြပါတယ်။ ဥပမာ- ရောမမြို့ရဲ့သမိုင်းဝင်အလှ၊ ပဲရစ်မြို့ရဲ့အနုပညာနဲ့ ဆွစ်ဇာလန်ရဲ့ သဘာဝရှုခင်းတွေကို ပေါင်းစပ်ထားတဲ့ အီတလီ-ပြင်သစ်-ဆွစ်ဇာလန် ခရီးစဉ်မျိုးကို အားပေးကြပါတယ်။

အီတလီ - ရောမမြို့ရဲ့ သမိုင်းဝင်အလှတွေ၊ ဖလောရင့်စ်မြို့ရဲ့ အနုပညာပြတိုက်တွေနဲ့ အရသာရှိတဲ့ ပီဇာနဲ့ ကပ်ပူချီနိုကော်ဖီလို အီတလီရိုးရာအစားအသောက်တွေ မြည်းစမ်းနိုင်တာက ဒီခရီးစဉ်ရဲ့ အားသာချက်ပါပဲ။ 

ပြင်သစ် - ပဲရစ်မြို့ရဲ့ အချစ်သင်္ကေတဖြစ်တဲ့ အီဖယ်လ်မျှော်စင်၊ ကမ္ဘာကျော် ဖက်ရှင်တံဆိပ်တွေ၊ အနုပညာပြတိုက်တွေနဲ့ နာမည်ကြီးပြင်သစ်ဝိုင်က ခရီးသွားတွေရဲ့ အိပ်မက်ပန်းတိုင်လို့ ဆိုရမှာပါ။ 

ဆွစ်ဇာလန် - နှင်းဖုံးတောင်တန်းတွေ၊ ကြည်လင်တဲ့ ရေကန်တွေဆီကို ရထားစီးခရီးသွားရတာက အပန်းဖြေ ခရီးစဉ်အတွက် စိတ်ကူးယဉ်ဆန်တဲ့ အတွေ့အကြုံသစ်ဖြစ်ပါတယ်။ 

စပိန် - စပိန်ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု၊ ဗိသုကာလက်ရာတွေ၊ နွားရိုင်းသတ်ပွဲတော်နဲ့ အရသာရှိတဲ့ အစားအသောက်တွေက ခရီးသွားတွေအတွက် တမူထူးခြားတဲ့ဆွဲဆောင်မှု ဖြစ်နေပါတယ်။ 

ချက်သမ္မတနိုင်ငံ/ဟန်ဂေရီ (အရှေ့ဥရောပ) - အနောက်ဥရောပထက် ပိုပြီးစရိတ်သက်သာတဲ့အပြင် သမိုင်းဝင်အလှနဲ့ အဆောက်အဦတွေကြောင့် ၂၀၂၆ မှာ ပိုရေပန်းစားလာတဲ့ ခရီးစဉ်တွေ ဖြစ်ပါတယ်။

ကိုမင်းဆက်ပိုင်ရဲ့ မှတ်ချက်ကတော့ "မြန်မြန်သွား၊ မြန်မြန်ပြန်တဲ့ အလျင်စလို ခရီးစဉ်ထက် ဥရောပနိုင်ငံတွေအတွင်း ရထားနဲ့ သွားလာတဲ့ အေးဆေးတည်ငြိမ်တဲ့ ခရီးစဉ်တွေကို ပိုနှစ်သက်လာကြပါတယ်။ ဒါကပဲ ခရီးစဉ်ရဲ့ အတွေ့အကြုံကို ပိုပြီး ပြည့်စုံစေပါတယ်" တဲ့။

ဥရောပ ခရီးစဉ်များအတွက် အကောင်းဆုံး Tour Package များကို Flymya မှာ ရွေးချယ်လိုက်ပါ

၄။အမေရိကန်ပြည်ထောင်စု (United States) - ရည်မှန်းချက်ရှိသော ခရီးစဉ်များ

ဗီဇာလုပ်ငန်းစဉ်၊ ခရီးစရိတ်နဲ့ အချိန်ကြာကြာစီးရတဲ့ လေယာဉ်ခရီးစဉ်ကြောင့် အမေရိကန်နိုင်ငံကတော့ ခဏတာအပန်းဖြေခရီးစဉ်တွေထက် တိကျတဲ့ ရည်ရွယ်ချက်တွေအတွက် သွားလာနေကြဆဲဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ မြန်မာခရီးသွားတွေအတွက် အမေရိကန်ခရီးစဉ်ဟာ အောက်ပါ ရည်ရွယ်ချက်တွေကြောင့် အဓိက သွားလာနေကြတာကို တွေ့ရပါတယ်။

မိသားစုနဲ့ ဆုံစည်းဖို့ 

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မိသားစုဝင်နဲ့ ဆွေမျိုးဆီ အလည်အပတ်သွားတာဟာ အဓိက ခရီးသွားရခြင်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ ခရီးစဉ်များ

ပညာရေးဆိုင်ရာ အခမ်းအနားများ၊ ကွန်ဖရင့်များ တက်ရောက်ဖို့ အတွက် (သို့) စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေဖို့ လိုမျိုး တိကျတဲ့ ရည်ရွယ်ချက်ရှိတဲ့ ခရီးသွားတွေအတွက် အမေရိကန်ဟာ အရေးပါတဲ့ ပန်းတိုင်တစ်ခု ဖြစ်ပါတယ်။

ကိုမင်းဆက်ပိုင် အကြံပေးတာက "နယူးယောက်မြို့ရဲ့ စည်ကားမှု၊ ကယ်လီဖိုးနီးယားရဲ့ ရာသီဥတုကောင်းမွန်မှုနဲ့ အနောက်ဘက်ကမ်းရိုးတန်း အလှအပတွေဟာ လူကြိုက်များနေတုန်းပါပဲ" တဲ့။

အမေရိကန်ပြည်ထောင်စုကို ခရီးနှင်ဖို့ ရွေးချယ်စရာများပြားတဲ့ Flymya ရဲ့ ချိတ်ဆက်ပျံသန်းမှုခရီးစဉ်များ

Flymya ဖြင့် ၂၀၂၆ ခရီးစဉ်တွေကို လွယ်ကူချောမွေ့စွာ စီစဉ်ပါ

ဘယ်နေရာ၊ ဘယ်လိုခရီးစဉ်မျိုးပဲ ဖြစ်ပါစေ၊ Flymya မှ မြန်မာခရီးသွားတွေအတွက် အောက်ပါဝန်ဆောင်မှုများနဲ့ ကူညီပေးလျက်ရှိနေပါတယ် 

  • လေကြောင်းလိုင်းနဲ့ ဈေးနှုန်းများကို အလွယ်တကူ နှိုင်းယှဉ်နိုင်ခြင်း။
  • လေယာဉ်၊ ဟိုတယ်နဲ့ ကားစင်းလုံးငှား ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ကြိုတင်စာရင်းသွင်းနိုင်ခြင်း။
  • ပိတ်ရက်မရှိ ဝန်ဆောင်မှု အကူအညီ ရယူနိုင်ခြင်း။
  • Website၊ App နဲ့ Wallet ပလက်ဖောင်းတွေမှတစ်ဆင့် ရွေးချယ်စရာများကို ရရှိနိုင်ခြင်း။

ခရီးတိုဒေသတွင်း အလည်အပတ်ခရီးပဲဖြစ်ဖြစ်၊ နှစ်အတန်ကြာနေမှ တစ်ကြိမ်တစ်ခါ သွားလေ့ရှိတဲ့ ခရီးရှည်ပဲဖြစ်ဖြစ်၊ Flymya က မိတ်ဆွေရဲ့ ခရီးစဉ်တိုင်းကို အကောင်းဆုံး ပံ့ပိုးပေးဖို့ အသင့်ရှိနေပါတယ်။

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က