အိမ်ရှင် စင်ကာပူလက်ရွေးစင်အသင်းနဲ့ ဆူဇူကီးပွဲစဉ်မတိုင်မီ မြန်မာကစားသမား ၁၀ ဦးအထိ ကိုဗစ်-၁၉ သံသယ ရှိနေတဲ့အတွက် ဆေးစစ်ခံခဲ့ရပြီး တိုက်စစ်မှူး သန်းပိုင် ကိုဗစ်-၁၉ Positive ဖြစ်နေကြောင်း ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက အတည်ပြုပြောကြားခဲ့ပါတယ်။ 

Photo: MFF

Positive အဖြေထွက်ခဲ့ပေမယ့် သန်းပိုင်ဟာ နည်းပြချုပ် အန်တွမ်နီဟေးရဲ့ ယနေ့ညမှာ ထုတ်ပြန်ခဲ့တဲ့ ဆူဇူကီးပြိုင်ပွဲဝင် မြန်မာအသင်း အပြီးသတ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တဲ့အတွက် အသင်းနဲ့ ဆက်လက် ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ အပြီးသတ် ကစားသမားစာရင်းမှာ ကစားသမား စုစုပေါင်း ၂၇ ဦး ပါဝင်ခဲ့ပြီး ဒူးဒဏ်ရာ ရရှိနေတဲ့ ကွင်းလယ်လူ မျိုးကိုထွန်းကိုတော့ ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမား စာရင်းမှာ ဂိုးသမားအဖြစ် ပြည့်ဖြိုးအောင်၊ မျိုးမင်းလတ်၊ စိုးအာကာ၊ ပြည့်ဖြိုးသူ၊ နောက်တန်းအဖြစ် ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဝင်းမိုးကျော်၊ လာဒင်မောရာ၊ နေမိုးနိုင်နှင့် ကွင်းလယ်အဖြစ် မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ အောင်နိုင်ဝင်း၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ကောင်းထက်စိုး၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ ဆမ်လန်မန်၊ ဟိန်းထက်အောင် တို့ ပါဝင်ခဲ့ပါတယ်။ရှေ့တန်းကစားသမားတွေ အဖြစ် အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်း တို့နဲ့ အတူ ကိုဗစ်-၁၉ Positive ဖြစ်နေတဲ့ သန်းပိုင်လည်း ပါဝင်နေပါတယ်။

Photo: MFF

မြန်မာအသင်း အနေနဲ့ ဆူဇူကီးဖလား ၂၀၂၀ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူ အသင်းနှင့် မနက်ဖြန် (ဒီဇင်ဘာ ၅ ရက်) မြန်မာစံတော်ချိန် ည (၇) နာရီ၊ စင်ကာပူ အမျိုးသား အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


Share

က္က