လမ်ဖွန်ဝါရီယာမှာ နောက်ထပ် ၅ နှစ်အထိ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဂ်ကလပ် လမ်ဖွန်ဝါရီယာအသင်းဟာ သူတို့အသင်းရဲ့ အဓိကကစားသမားတဦးဖြစ်တဲ့ မြန်မာကစားသမား မောင်မောင်လွင်ကို ၅ နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီလို့ ဒီနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ ဒါဟာ မြန်မာကစားသမားတဦးကို ထိုင်းကလပ်အသင်းတခုက ကြုံတောင့်ကြုံခဲနှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာပါ။

စာချုပ်သစ်အရ မောင်မောင်လွင်ဟာ ၂၀၂၈ အထိ လမ်ဖွန်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မောင်မောင်လွင်ဟာ လမ်ဖွန်ကို ရောက်ရှိပြီးချိန်ကစလို့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဓိကကစားသမားအဖြစ် ပါဝင်နေခဲ့သူ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ်မှာ မောင်မောင်လွင်က လမ်ဖွန်အတွက် ၂၅ ပွဲကစားပေးခဲ့ပြီး ၃ ဂိုးသွင်းကာ ၄ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိဆိုရင် သူက လမ်ဖွန်အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၇ ဂိုးသွင်းပြီး ၁၁ ကြိမ်ဖန်တီးထားနိုင်ခဲ့ကာ အသင်းရဲ့ အားထားရသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

ပုံမှန်အားဖြင့် ထိုင်းကလပ်တွေက မြန်မာကစားသမားတွေကို နှစ်တိုစာချုပ်သာ ချုပ်ဆိုလေ့ရှိတာဖြစ်ပါတယ်။ အခု မောင်မောင်လွင်ရဲ့ စာချုပ်ဟာ ထိုင်းကို သွားရောက်ကစားခဲ့တဲ့ မြန်မာကစားသမားတွေထဲမှာ စာချုပ်သက်တမ်းအရှည်ဆုံး စာချုပ်ချုပ်ဆိုနိုင်တဲ့ ကစားသမားလို့တောင်မှ မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

လမ်ဖွန်မှာ မောင်မောင်လွင်နဲ့အတူ အခြားသော မြန်မာနာမည်ကျော်ကစားသမားဖြစ်တဲ့ အောင်သူလည်း ကစားနေတာဖြစ်ပါတယ်။  

Share

Loading Next Article...
က္က