(၄၈)နာရီအတွင်း မိုးရွာသွန်းနိုင်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေကို အနောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် (၄၈)နာရီအတွင်း အဆိုပါဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ 

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆောင်းတွင်းကာလမှာ အဆိုပါဒေသတွေအနေနဲ့ ပုံမှန်ထက်အအေး ပိုနိုင်တယ်လို့ ဆိုပါတယ်။

“ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ၊ တင်္နသာရီတိုင်းနဲ့ ကချင်ပြည်နယ်အပါအဝင်နေရာကွက်ကျားမိုးရွာနိုင်တယ်။ ဒီနှစ်ဆောင်းက အအေးပိုတယ်လို့တောင် ပြောလို့ရတယ်။ ဒါကလည်း လေဖိအားနည်းရပ်ဝန်းစနစ်တွေအားကောင်းလာမှုကြောင့်။ အခုလိုလေဖိအားနည်းရပ်ဝန်းတွေရဲ့ အရှိန်ကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တယ်။ ဒီလိုအခြေအနေတွေမျိုးမှာဆိုရင် နေရာဒေသအလိုက် ပုံမှန်ထက်အအေးပိုနိုင်တယ်”လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ယခုနှစ်ဆောင်းကာလမှာဆိုရင်လည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာဆိုရင် ယခုရက်ပိုင်း ပုံမှန်ထက် အအေးပိုလျှက်ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိရာသီဥတုအခြေအနေက တစ်နိုင်ငံလုံးအအေးပိုနေတာမျိုးမဟုတ်ဘဲ တချို့ဒေသတွေမှ ဆိုရင် လက်ရှိအချိန်ထိ အအေးဓာတ်ကို ကောင်းကောင်းမခံစားရသေးဘူးလို့ ဆိုပါတယ်။

လေအေးရပ်ဝန်းအားကောင်းတဲ့ဒေသတွေမှာသာ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်ဘက်က လေအေးရပ်ဝန်းတွေ တပြိုင်နက်တည်း မြန်မာနိုင်ငံထဲဝင်ရောက်လာရင်တော့ တစ်နိုင်ငံလုံး အေးနိုင်တယ်လို့ မိုးဇလရဲ့ ပြောပြချက်အရ သိရပါတယ်။


Share

က္က