ယခုနှစ် မိုးတွင်းကာလမှာ မနှစ်ကထက်မိုးကောင်းခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်းအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တချို့မှာ အောက်တိုဘာလ (၁၇)ရက်လောက်ထိ မိုးဆက်လက်ရွာနေအုံးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက Duwun ကို ပြောပါတယ်။
“ ဒီနှစ်ကတော့ မိုးကောင်းတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမဟုတ်ပေမယ့် မိုးခေါင်တာမျိုးမဟုတ်ဘဲ မိုးနည်းတဲ့ဒေသတွေလည်းရှိတယ်။ ရန်ကုန်က ဒီနှစ် မိုးကောင်းတဲ့ထဲမှာလည်းပါတယ်။ အောက်တိုဘာလလယ်လောက်ထိလည်း မိုးဆက်ကောင်းနိုင်သေးတယ်။ ရန်ကုန်က ဘာလို့မိုးဆက်ကောင်းနိုင်လဲဆိုရင် အရှေ့ဘက် တောင်တရုတ်ပင်လယ် ဗီယက်နမ်မှာ မုန်တိုင်းဖြစ်နိုင်တဲ့အလားအလာရှိနေတော့ ဒီဘက်ကိုပါ မိုးတိုင်းအေခြအေနသက်ေရာက်မှုရှိနေတဲ့သဘော။ ဒီနှစ်ရဲ့ မိုးနှောင်းတာ့ အောက်တိုဘာ (၁၆)၊(၁၇) လောက်ထိ မိုးဆက်ကောင်းနိုင်သေးတယ်" လို့ ဦးလှထွန်းကပြောပါတယ်။
ဒီနှစ်က မိုးကောင်းပေမယ့် မိုးရွာရက်နည်းတာကြောင့် မနှစ်ကထက်ယှဉ်ရင် သဘာဝဘေး အန္တရာယ် ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ မနှစ်ကမိုးတွင်းကာလတုန်းက မိုးဆက်တိုက် အဆက်မပြတ်ရွာသွန်းမှုတွေကြောင့် မြစ်ရေလျှံ၊ ကမ်းပါးပြိုကျ၊ ရေကြီးရေလျှံတဲ့ သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ယခုလိုမျိုး ဘဘာဝဘေးအန္တရာယ်မျိုးတွေ မကြုံတွေ့ခဲ့ရပါဘူးလို့ မိုးဇလကဆိုပါတယ်။
မိုးအကုန် ဆောင်းအကူးကာလဖြစ်တဲဲ့ အောက်တိုဘာလလောက်ထိ မိုးကောင်းနိုင်သလို မိုးတွင်းကာလတစ်လျှောက်လုံးလည်း မိုးကောင်းခဲ့တဲ့အရှိန်ကြောင့် ယခုနှစ်ဆောင်းတွင်းကာလမှာ မြန်မာတစ်နိုင်ငံလုံး မနှစ်ကထက် အအေး အနည်းငယ်ပိုနိုင်ပြီး ရန်ကုန်မှာလည်း ဆောင်းအအေးဓာတ်ကို ဒီနှစ်မှာ သိသိသာသာ ခံစားရနိုင်တယ်လို့ သိရပါတယ်။