ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့မှာ မြန်မာအာဏာပိုင်တွေနဲ့လည်း အနီးကပ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်

ကုလသမဂ္ဂ အထွေထွေအတွင်ရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်က စင်ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင် နိုလင်းဟေဇာ (Noeleen Heyzer) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၆ ရက်) ကြေညာပါတယ်။

(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်) (Photo: Anadolu Agency)

ဟေဇာက ဆွစ်ဇာလန်သူ Christine Schraner Burgener နေရာကို အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အသက် ၇၃ နှစ်အရွယ် ဟေဇာဟာ ကုလသမဂ္ဂမှာ အကြီးတန်းရာထူးနေရာတွေကို တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အထူးသဖြင့် ၂၀၀၇ နဲ့ ၂၀၁၄ ခုနှစ်အတွင်း အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်တစ်ခုရဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။



ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေရှာဖို့ မျှော်လင့်ပြီး သက်ဆိုင်သူအားလုံးရဲ့ သဘေားထားအမြင်တွေကို နားထောင်သွားဖို့ ကျွန်မ မျှော်မှန်းထားပါတယ်

(နိုလင်းဟေဇာ) (Photo: Ong Wee Jin)

၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ ဟေဇာက ကုလသမဂ္ဂရဲ့ အရှေ့တီမောနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်ရဲ့ တာဝန်တွေအရ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) Association of Southeast Asian Nations (ASEAN) နဲ့ အနီးကပ် ဆက်ဆံရေးရှိခဲ့ပါတယ်။

ထို့အတူ ဟေဇာက မြန်မာအာဏာပိုင်တွေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့မှာ အနီးကပ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခံရမှုအပေါ် အလေးအနက် ဂုဏ်ယူတယ်လို့ ဟေဇာက CNA သတင်းဌာနကို ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Christine Schraner Burgener) (Photo: Loey Felipe / UN Photo)

"ကျွန်မ ဒီတာဝန်ကို ဒီဇင်ဘာ ၁၃ ရက်မှာ လွှဲပြောင်းရယူသွားမှာပါ၊ မြန်မာပြည်သူအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ရှိစေရေး နိုင်ငံမှာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေရှာဖို့ မျှော်လင့်ပြီး သက်ဆိုင်သူအားလုံးရဲ့ သဘေားထားအမြင်တွေကို နားထောင်သွားဖို့ ကျွန်မ မျှော်မှန်းထားပါတယ်" လို့ ဟေဇာက ဆိုပါတယ်။

ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် သုံးနှစ်ခွဲကြာ ဆောင်ရွက်ခဲ့တဲ့ Burgener ကတော့ ဆွစ်ဇာလန်အစိုးရအဖွဲ့ကို ဝင်ရောက်ရန် ကုလသမဂ္ဂ တာဝန်ကနေ နုတ်ထွက်မှာဖြစ်ပါတယ်။ Burgener ဟာ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံကိုလာရောက်ရန် စီစဥ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က