50MP Sony IMX 766 Sensor သုံးလာတဲ့ဖုန်းပါ

နောက်ဆုံးပေါ် Snapdragon 8 Gen 1 Chip သုံး Xiaomi ရဲ့ compact ဆန်တဲ့ Flagship ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။ 

Xiaomi 12 ဟာ ဒီတစ်ခေါက်ထွက်တဲ့ Xiaomi Flagship ဖုန်းတွေထဲမှာ Screen အသေးဆုံး မော်ဒယ်ဖြစ်ပြီး Compact ဆိုဒ်သဘောကျသူတွေကို ဦးတည် ထုတ်လုပ်လိုက်တာပါ။ Xiaomi 12 ဟာ Samsung ထုတ် ၆.၂၈ လက်မ AMOLED Panel နဲ့ လာပြီး FHD+ ရုပ်ထွက် ၊ 120Hz Refresh Rate တို့ ပါရှိပါတယ်။ မှန်ပြင်အောက်လက်ဗွေလုံခြုံရေးစနစ် သုံးထားပြီး အကြမ်းခံမှုအမြင့်ဆုံး Gorilla Glass Victus မှန်နဲ့ အုပ်ထားပါတယ်။



Photo: techradar


Screen ရဲ့ ထိပ်ဘက် အလယ်တည့်တည့်မှာ Punch-Hole ကင်မရာပေါက် ပါရှိပြီး punch-hole ထဲမှာ 32MP Selfie ကင်မရာ နဲ့ လာပါတယ်။ကျောဘက်မှာ ကင်မရာအနေနဲ့ ၂၀၂၁ ထွက် Flagship အန်းဒရိုက်ဖုန်းတွေမှာ တွေ့နေရတဲ့ 50MP Sony IMX766 Sensor သုံးထားပါတယ်။ ဒီ Sensor ဟာ အရွယ်အစား ၁/၁.၅၆ လက်မ ရှိပြီး 2.0μm အကြီးစား pixels နဲ့ OIS ရုပ်ငြိမ်စနစ်တို့ ပါရှိပါတယ်။ ဒီကင်မရာနဲ့အတူ 13MP ultrawide sensor နဲ့ 50mm နဲ့ ညီမျှတဲ့ 5MP Tele-Macro ကင်မရာတို့ တွဲသုံးထားပါတယ်။ 

ဘက်ထရီပါဝါဘက်မှာ 4500mAh နဲ့အတူ 67W Wired Charging ၊ 50W Wireless Charging နဲ့ 10MP Reverse Wireless Charging စနစ်တို့ သုံးနိုင်မှာ ဖြစ်ပါတယ်။ Xiaomi 12 စီးရီးတွေဟာ MIUI 12.5 နဲ့ လာမှာ ဖြစ်ပြီး Xiaomi 12 မိတ်ဆက်ပွဲမှာ ကြေညာသွားတဲ့ MIUI 13 သစ်ကိုတော့ ဇန်နဝါရီလမှာ Update တင်နိုင်မယ်လို့ ဆိုပါတယ်။ Xiaomi 12 ကို အနက် ၊ အပြာနဲ့ ပန်းရောင်အပြင် အစိမ်းရောင် Vegan Leather ဗားရှင်းလည်း ထွက်ထားပါတယ်။ 

RAM 8GB/128GB storage ဗားရှင်းကို ၃၆၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 8/256GB အတွက် ၃၉၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းကျော်) နဲ့ 12/256GB မော်ဒယ်ကို ယွမ် ၄၃၉၉ (မြန်မာငွေ ၁၂ သိန်းကျော်) ဈေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က