5G မရတဲ့ Huawei upper mid-ranger သစ်

Google Mobile Services ‌တွေ မပါတဲ့ Huawei Nova စီးရီးဖုန်းကို ဥရောပဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

Huawei Nova 9 နဲ့ Nova 9 Pro တို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့တာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ OLED display ၊ 50MP quad cameras နဲ့ Qualcomm ရဲ့ 4G processor သုံးထားတာ ဖြစ်ပါတယ်။ Nova 9 ဟာ ဘေးဘောင်ကွေး ၆.၅၇ လက်မ OLED display နဲ့လာပြီး 120Hz refresh rate ပါရှိပါတယ်။ 4300mAh ဘက်ထရီပါဝါဟာ အမြန်အားသွင်းနိုင်တဲ့ 66W charging ထောက်ပံ့ထားပါတယ်။ 




Photo: Aroged

Qualcomm ရဲ့ 4G processor ဖြစ်တဲ့ Snapdragon 778G processor သုံးထားပြီး RAM 8GB ၊ 128GB/256GB storage ဗားရှင်းတွေ ထွက်ထားပါတယ်။ ကျောဘက်မှာ အကြီးစား 50MP RYYB sensor ၊ 8MP ultrawide sensor ၊ 2MP macro shots နဲ့ 2MP depth sensor ဆိုပြီး ကင်မရာလေးလုံး သုံးထားပါတယ်။ ကင်မရာနဲ့ ဆွဲဆောင်နိုင်မယ့်ဖုန်းတွေလို့ ပြောနိုင်ပါတယ်။ 

လုံခြုံရေးအတွက် မှန်ပြင်အောက်လက်ဗွေနည်းပညာ Under-display Fingerprint scanner ပါရှိပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 အခြေခံ EMUI 12 အုပ်ထားပြီး အနက် ၊ အပြာ နှစ်ရောင်နဲ့လာပါတယ်။ 5G မရတာ ၊ GMS services တွေ သုံးမရတာက ဒီဖုန်းရဲ့ အားနည်းချက်ဖြစ်ပြီး ဒီဇိုင်းကောင်းပြီး ကင်မရာ၊ screen ဘက်ထရီနဲ့ ဖုန်းစွမ်းဆောင်ရည်ကောင်းတာက အားသာချက်လို့ ပြောနိုင်ပါတယ်။ 

နောက်ထပ် အားသာချက်အနေနဲ့ ဝယ်ပြီး ပထမနှစ်အတွင်း ဖုန်းမှန်ကွဲအခမဲ့လဲပေးတာ ၊ စောစောဝယ်သူ Early Birds တွေကို FreeBuds 4 နားကြပ်လက်ဆောင်ပေးတာတွေ ပါရှိပါတယ်။ ယူရို ၅၀၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က