အမိုက်စား ကင်မရာလုပ်ဆောင်ချက်တွေ ပါရှိပါ

Huawei ရဲ့ ကိုယ်ပိုင် HarmonyOS သုံး Nova ဖုန်းသစ်နှစ်မျိုးကို တရုတ်ဈေးကွက်မှာ ကြေညာသွားပါတယ်။

   

           Huawei Nova 9 စီးရီးကနေ အသစ်ထွက်လိုက်တဲ့ Nova 9 နဲ့ Nova 9 Pro တို့ဟာ လေးစားလောက်တဲ့ Features တွေ ပါလာသလို တစ်ဖက်မှာလည်း ချို့ယွင်းချက်ကလေးတွေနဲ့ ပွဲထွက်လာတဲ့ဖုန်းလို့ ဆိုရမှာပါ။ Nova 9 နဲ့ 9 Pro တို့ဟာ OLED curved display ၊ 50MP quad cameras နဲ့ အမိုက်စား Fast Charging နည်းပညာတွေ သုံးထားတာပါ။



           Qualcomm Snapdragon 778G 4G chipset သုံးထားတာကြောင့် လက်ရှိုဖုန်းလောကမှာ ခေတ်စားတဲ့ 5G ကွန်ရက်ချိတ်ဆက်မှုစနစ်တော့ ပါမလာတော့ပါဘူး။ Nova 9 နဲ့ 9 Pro တို့ဟာ ရှေ့ကင်မရာကလွဲရင် ဒီဇိုင်းချင်း သိပ်မကွာပါဘူး။ Pro မော်ဒယ်ဟာ ဆေးတောင့်ပုံ dual Punch hole နဲ့လာပြီး ရိုးရိုးမော်ဒယ်ကတော့ Screen အပေါ်အလယ်တည့်တည့်မှာ Single Punch Hole ကင်မရာပေါက်ပုံစံ သုံးထားပါတယ်။


Photo: Gizmochina


            Nova 9 ဟာ ၆.၅၇ လက်မ OLED Panel နဲ့ FHD+ ရုပ်ထွက် ပါရှိပါတယ်။ Pro မော်ဒယ်ကတော့ အကြီးစား ၆.၇၂ လက်မ panel ၊ 2676 x 1236px ရုပ်ထွက်နဲ့လာပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ဘောင်ကွေး OLED panel သုံးထားတာချင်း တူသလို အမြင့်စား 120Hz refresh rate ၊ 300Hz touch sampling rate သုံးတာချင်းလည်း အတူတူပါပဲ။ standard model ဖြစ်တဲ့ Nova 9 မှာ 32MP Selfie ကင်မရာတစ်လုံးတည်း ပါပေမယ့် Pro မော်ဒယ်မှာ 32MP (Ultrawide နဲ့ portrait) ဆိုပြီး နှစ်လုံး သုံးသွားပါတယ်။

           ဒီဖုန်းတွေဟာ ကင်မရာအသားပေးစမတ်ဖုန်းတွေလို့ သတ်မှတ်ထားပါတယ်။ ရှေ့ကင်မရာတွေမှာကိုပဲ 4K ရုပ်ထွက်မြင့်ဗွီဒီယိုရိုက်ကူးရေး လုပ်နိုင်သလို Slow-Mo ရိုက်ချက်တွေ ၊ Portrait ဗွီဒီယိုနဲ့ ဗွီဒီယိုရုပ်ငြိမ်စနစ်တွေလည်း ပံ့ပိုးထားပါတယ်။ Video ပိုင်းမှာ အမိုက်စား features တွေ ဖြစ်တဲ့ Night Mode ပေးတာ ၊ Time-Lapse Video ရိုက်ကူးမှု လုပ်နိုင်တာတွေလည်း ပါရှိပါတယ်။

           ကျောဘက်မှာ အကြီးစား 50MP RYYB main camera နဲ့အတူ 8MP ultrawide lens ၊ 2MP portrait နဲ့ 2MP macro lens တို့ သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေမှာ vlog mode ၊ audio zoom ၊ night mode ၊ ရှေ့နောက်ကင်မရာ နှစ်မျိုးစလုံးကို တစ်ပြိုင်တည်းသုံးပြီး ရိုက်ကူးနိုင်မယ့် Dual View Video စနစ်တွေလည်း ထည့်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက်လက်ဗွေဖတ်စနစ်ကို သုံးနိုင်မှာပါ။



Photo: Gizmochina


           ဘက်ထရီစနစ်အနေနဲ့ Nova 9 ဟာ 4300mAh ဘက်ထရီသုံးထားပြီး 66W charging နဲ့ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ Pro မော်ဒယ်မှာ ဘက်ထရီပါဝါ 4000 အားပဲ သုံးထားပေမယ့် Charging Speed က 100W အထိ ရှိလို့ မိနစ် ၂၀ အတွင်း အားအပြည့်သွင်းနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ Nova 9 Pro မော်ဒယ်မှာ CPU စွမ်းရည် အသုံးများတဲ့ ဂိမ်းကစားမှုတွေ လုပ်ရာမှာ ဖုန်းအပူချိန် လျှော့ချဖို့ VC Graphene အအေးပေးမှုလည်း ပါရှိပါတယ်။ OS အနေနဲ့ Huawei ရဲ့ကိုယ်ပိုင် HarmonyOS 2 ကို ဖုန်းနှစ်မျိုးစလုံးမှာ သုံးထားပါတယ်။

 

           Nova 9 နဲ့ 9 Pro တို့ဟာ အပြာ ၊ ခရမ်း ၊ အစိမ်း နဲ့ အနက်ရောင်တွေနဲ့လာပြီး Nova 9 (8/128) မော်ဒယ်ကို ၂၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခန့်) နဲ့ 8/256 မော်ဒယ်ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးကနေ ရောင်းချသွားမှာပါ။ Pro မော်ဒယ် ကို ၃၄၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) ကနေ ၃၈၉၉ ယွမ် (မြန်မာ‌ငွေ ၁၁ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က