OnePlus 9R လိုပဲ Wireless charging တော့ မပါရှိပါဘူး။

OnePlus ရဲ့ Flagship မော်ဒယ် T စီးရီး OnePlus 9RT ဖုန်းသစ်ကို 120Hz OLED display ၊ 50MP main ကင်မရာနဲ့ အမြင့်စား Snapdragon 888 SoC တွေနဲ့ ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။ 

ဒီတစ်ခေါက် OnePlus 9RT ရဲ့ ထူးခြားချက်က Gaming အသားပေး features တွေ ပါလာတာပါပဲ။ OnePlus 9RT ဟာ အရင် OnePlus 9/9R တွေနဲ့ စာရင် Screen Size နည်းမြှင့်ထားပြီး 120Hz refresh rate နဲ့ 600Hz touch sampling rate သုံးလာတာ တွေ့ရပါတယ်။ မျက်နှာပြင် အရွယ်အစား ၆.၆၂ လက်မဟာ Samsung E4 AMOLED display သုံးထားပြီး FHD+ ရုပ်ထွက် ၊ HDR10+ နဲ့ sRGB ၊ P3 color mode တွေ ပါလာပါတယ်။ 




Photo: XDA-Developers

ရှေ့ကင်မရာအတွက် ဘယ်ဘက်အပေါ်ထောင့် punch-hole ကင်မရာပေါက် သုံးထားပြီး Screen ပြည့် ခံစားမှုကို ပေးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ စမတ်ဖုန်းနဲ့ ဂိမ်းကစားတတ်သူတွေအတွက် အွန်လိုင်းဂိမ်းကစားမှု လိုင်းကျတာမျိုး မဖြစ်ရအောင် WiFi antenna သုံးခု တပ်ဆင်ထားပြီး 4D haptic feedback လည်း ပါရှိပါတယ်။ ဘက်ထရီပါဝါ 4500mAh ဟာ 65W fast charging ကြောင့် နာရီဝက်မပြည့်ခင် အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ OnePlus 9R လိုပဲ Wireless charging တော့ မပါရှိပါဘူး။

ကျောဘက် main camera မှာ OnePlus 9RT ဟာ အရင်လို 48MP 0.8 micron ကင်မရာကနေ 50MP 1-micron pixel sensor ပြောင်းသုံးလာပါတယ်။ ကင်မရာ sensor ပိုကြီးလာသလို pixel ဆိုဒ်လည်း ပိုကြီးလာလို့ အလင်းအားနည်းချိန် ရိုက်ချက်တွေမှာ ပုံထွက်ပိုကောင်းလာမှာပါ။ ကျန်တဲ့ ကင်မရာနှစ်လုံးကိုတော့ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 16MP sensor နဲ့ 2MP macro lens သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ 16MP နဲ့ လာပါတယ်။ 

Photo: GSMArena

processor ပိုင်းမှာ မျိုးဆက်သစ် Snapdragon 888 chipset ပြောင်းသုံးလာသလို LPDDR5 RAM 8GB ကနေ 12GB အထိ ထွက်လာပါတယ်။ storage ဟာ UFS 3.1 storage အမျိုးအစားဖြစ်ပြီး 128GB နဲ့ 256GB ဆိုပြီး လာပါတယ်။ တခြား features တွေအနေနဲ့ under display fingerprint ၊ 5G ၊ Dolby Atmos support ပါ စတီရီယို စပီကာ ၊ NFC ၊ Bluetooth 5.2 ၊ WiFi 6 တို့ ပါပြီး တရုတ်ဈေးကွက်မှာ Android 11 ကို အခြေခံထားတဲ့ ColorOS 11 နဲ့ ထွက်ထားပါတယ်။ 

အနက် ၊ ငွေနဲ့ အပြာ သုံးရောင်နဲ့ ထွက်ထားတဲ့ OnePlus 9RT ကို အနိမ့်ဆုံးမော်ဒယ် 8GB/128GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) ဈေးကနေ အမြင့်ဆုံး RAM 12GB/256GB ဗားရှင်းကို ၃၇၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 

Share

က္က