နောက်ဆုံးပေါ် အမိုက်စားနည်းပညာတွေနဲ့ လာတဲ့ဖုန်းပါ

Under-Display ကင်မရာနဲ့ Snapdragon 8 Gen 1 သုံး ကမ္ဘာ့ပထမဆုံးဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။

ZTE ကုမ္ပဏီဟာ နောက်ဆုံးပေါ် နည်းပညာအဆန်းတွေနဲ့လာတဲ့ High-End ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်တာပါ။ ZTE Axon 40 Ultra ဟာ မှန်ပြင်အောက်ကင်မရာ ၊ ဘေးဘောင်ကွေး Curved Edge Display ၊ 64MP ကျောဘက်သုံးလုံးတွဲကင်မရာစနစ်တွေနဲ့ လာပါတယ်။ Axon 40 Ultra ဟာ ဈေးကွက်ထဲက တွေ့နေကျဖုန်းတွေလို Notch ၊ Punch-Hole ကင်မရာပုံစံအစား မှန်ပြင်အောက်ကင်မရာ UD Selfie နည်းပညာနဲ့လာပါတယ်။ 





Screen ဘောင်တွေကိုလည်း ၇၁ ဒီဂရီကွေးညွှတ်မှုနဲ့ ထုတ်ထားလို့ သိသိသာသာကြီး ခုံးတဲ့ ဒီဇိုင်းအဖြစ် တွေ့ရမှာပါ။ အပေါ်အောက်ဘေးဘက်တွေမှာ Bezel မပါသလောက် ဖြစ်အောင် ဖန်တီးထားလို့ Full Screen ဖုန်းလို့ ပြောနိုင်ပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၈၁ လက်မ FHD+ AMOLED Display နဲ့လာပြီး 120Hz Screen Refresh Rate ၊ 100% DCI-P3 Color Gamut ၊ 10-bit colors ၊ 1500nits Brightness နဲ့ 400ppi စနစ်တို့ ပါရှိပါတယ်။ ဆယ်လ်ဖီကင်မရာကို မှန်ပြင်အောက်မှာ ထည့်သွင်းထားသလို လက်ဗွေစနစ်ကိုလည်း မှန်ပြင်အောက်မှာပဲ တပ်ဆင်ထားပါတယ်။ 

Axon 40 Ultra ဟာ Snapdragon 8 Gen 1 SoC နဲ့ လာပြီး LPDDR5 RAM 16GB ၊ UFS 3.1 1TB Storage အထိ ထွက်ပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ 80W Fast Charging Support ပါလာပါတယ်။ အပူစွန့်ထုတ်မှုအတွက် VC Liquid Cooling စနစ် တပ်ဆင်ပေးထားပြီး DTS Ultra support ပါ Dual Speakers ၊ Dual SIM Support ၊ Wi-Fi 6E ၊ Bluetooth 5.2 ၊ Dual-Frequency GPS ၊ NFC နဲ့ USB-C Port တို့လည်း ပါဝင်ပါတယ်။ 

ဆယ်လ်ဖီကင်မရာဟာ တတိယမျိုးဆက် Under-Screen ကင်မရာနည်းပညာ သုံးထားပြီး သီးသန့် Pixel Driver တစ်ခု ၊ အလင်းဖောက်ဆားကစ်တစ်ခု ၊ UDC Pro Screen Display Chip တစ်ခုတို့လည်း တပ်ဆင်ပေးထားပါတယ်။ ZTE ကတော့ Axon 40 Ultra ဟာ တခြား Flagship ဖုန်းတွေရဲ့ ရှေ့ကင်မရာလိုမျိုး ထိပ်တန်းရုပ်ထွက်အရည်အသွေးမီ ဆယ်လ်ဖီရိုက်ချက်တွေ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ 



ကျောဘက်ကင်မရာဟာ ထူးထူးခြားခြား 64MP Sensor ၃ ခု သုံးထားတာ ဖြစ်ပါတယ်။ ကင်မရာစနစ်တွေအနေနဲ့ OIS ရုပ်ငြိမ်စနစ် ၊ Full-Pixel Omnidirectional Autofocus တို့ ပါဝင်တဲ့ 64MP IMX787 Main Sensor ၊ 64MP Sony IMX787 Ultrawide Sensor နဲ့ OIS ပါ Telephoto Periscope ကင်မရာတို့အပြင် Focus ဖမ်းကူဖို့ 3D ToF Sensor နဲ့ Flicker sensor တစ်ခုလည်း ပါရှိမှာပါ။ ဒီကင်မရာသုံးလုံးဟာ 8K Video ရိုက်ကူးနိုင်စွမ်းရှိပြီး ကင်မရာသုံးမျိုးလုံး တပြိုင်နက်တည်း ဖွင့်ထားနိုင်မှာပါ။

ZTE Axon 40 Ultra ကို အနက် နဲ့ ငွေရောင်ကာလာ နှစ်မျိုး ၊ RAM/Storage ဗားရှင်း ၄ မျိုး ဈေးနှုန်း ၄ မျိုးနဲ့ လာပါတယ်။ RAM 8GB / 256GB မော်ဒယ်ကို ၄၉၉၈ ယွမ် (မြန်မာငွေ ၁၅ သိန်းခန့်) ကနေ အမြင့်ဆုံးမော်ဒယ် RAM 16GB/1TB Storage ကို ၇၂၉၈ ယွမ် (မြန်မာငွေ ၂၂ သိန်းခန့်) ဈေးအထိ သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က