အိန္ဒိယရဲ့ ဈေးအချိုဆုံး 5G ဖုန်း

အိန္ဒိယရဲ့ ဈေးအချိုဆုံး 5G ဖုန်း ဖြစ်တဲ့ Lava Blaze 5G ကို အိန္ဒိယမိုဘိုင်းကွန်ဂရက် (IMC 2022) ပွဲမှာ မိတ်ဆက်သွားပါတယ်။ 

ရောင်းဈေးကို ကုမ္ပဏီဘက်က ပြောသွားခြင်း မရှိပေမယ့် ဒီဖုန်းဟာ အိန္ဒိယဈေးကွက်ထဲမှာ ဈေးအသက်သာဆုံး 5G ဖုန်းဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယဖုန်းကုမ္ပဏီ Lava ဟာ MediaTek Dimensity 700 Chipset သုံး Lava Blaze 5G ဖုန်းကို ကြေညာသွားတာပါ။ ဒီဖုန်းဟာ ပြီးခဲ့တဲ့လက မိတ်ဆက်သွားတဲ့ Lava Blaze Pro နဲ့ ကွဲပြားမှုနည်းနည်းပဲ ရှိပြီး Lava Blaze Pro ကတော့ Helio G37 SoC သုံးသွားပါတယ်။ 





Lava Blaze 5G မှာလည်း Waterdrop Notch ဒီဇိုင်းနဲ့ပဲ လာပါတယ်။ ကျောဘက်လေးထောင့် ထောင်လိုက်စတုဂံကင်မရာအိမ်ထဲမှာ သုံးလုံးတွဲကင်မရာစနစ် ထည့်သွင်းအသုံးပြုထားပြီး ရှေ့ဘက်မှာ 8MP Selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်ကင်မရာစနစ်အနေနဲ့ 50MP Main Sensor ကို သုံးထားတယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေးစနစ်တွေအနေနဲ့ USB-C Port ၊ Bluetooth 5.1 စနစ် ၊ Dual VoLTE ၊ dual SIM Card စိုက်နိုင်မယ့်နေရာနဲ့ microSD Card slot တစ်ခုလည်း ပါရှိပါတယ်။ 

မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ LCD Display ဟာ 720p ရုပ်ထွက်ပါရှိပြီး 90Hz Refresh Rate သုံးထားပါတယ်။ လက်ဗွေဖတ်စနစ်ကို ဖုန်းဘေးဘောင်ထဲမှာ တပ်ဆင်ထားပါတယ်။ RAM 4GB/128GB Storage အထိ ပါရှိပြီး ဘက်ထရီပါဝါ 5000mAh နဲ့ လာပါတယ်။ Lava Blaze 5G ဟာ Android 12 စနစ်သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အပြာ နဲ့ အစိမ်း နှစ်ရောင်နဲ့ ထွက်မယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၂၄ ရက် ဒီဝါလီပွဲနေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားပြီး ဈေးနှုန်းအနေနဲ့ ရူပီး ၁ သောင်းဝန်းကျင် (မြန်မာငွေ ၂ သိန်း ၆ သောင်းဝန်းကျင်) ဈေး ကျသင့်မယ်လို့လည်း ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က