တန်ဖိုးသင့် 4G ဖုန်းပါ

Redmi ထဲက တန်ဖိုးသင့် 4G ဖုန်းမော်ဒယ် Redmi Note 11 ထွက်လာပါပြီ။

ဒီဖုန်းဟာ ပြီးခဲ့တဲ့လက တရုတ်ဈေးကွက်မှာ ကြေညာသွားတဲ့ Redmi Note 11 စီးရီးရဲ့ 4G ဗားရှင်းအဖြစ် ထွက်လာတာပါ။ အချက်အလက်နဲ့ ဒီဇိုင်းအတော်များများကတော့ Redmi 10 နဲ့ တစ်ပုံစံတည်းလို့ ဆိုနိုင်ပြီး ကျောဘက်ကင်မရာ ၄ လုံးအစား ၃ လုံး သုံးလာတာပဲ ထူးခြားပါတယ်။ Redmi 10 အတိုင်း Helio G88 SoC ၊ Android 11 အခြေခံ MIUI 12.5 စနစ် နဲ့ 90Hz Refresh Rate ပါ ၆.၅ FHD+ LCD display ပါရှိပါတယ်။ 




90Hz Refresh Rate ဟာ စာဖတ်နေချိန်မှာ 45Hz နှုန်းနဲ့ Video ကြည့်ချိန်မှာ 60Hz နှုန်း အလိုအလျောက် ပြောင်းလဲပေးနိုင်ပါတယ်။ Punch-hole ဒီဇိုင်းဖြစ်ပြီး Screen အပေါ်ဘက် အလယ်တည့်တည့်မှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက် ထောင်လိုက်စတုဂံပုံ ကင်မရာအိမ်ထဲမှာ 50MP primary ၊ 8MP ultrawide နဲ့ 2MP macro lens ပါရှိပြီး Redmi 10 လိုမျိုး 2MP Depth Sensor တော့ ပါလာခြင်း မရှိပါဘူး။

ဘေးဘောင်လက်ဗွေဖတ်စနစ် ၊ USB-C port ၊ စတီရီယိုစပီကာ ၊ 3.5mm headphone jack နဲ့ remote control တစ်ခုလို သုံးနိုင်မယ့် IR Blaster စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အကြီးစား 5000mAh ဘက်ထရီဟာ 18W charging ပံ့ပိုးမှုပေးထားပြီး တခြားဖုန်းတွေကို 9W Reverse Charging ပြန်ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဖုန်းဗူးထဲမှာ 22.5W power adapter တစ်ခုလည်း ထည့်ပေးထားပါတယ်။ 

Redmi Note 11 4G ကို အရောင်သုံးမျိုးနဲ့ ဝယ်ယူနိုင်ပြီး Memory options အနေနဲ့ 4/128 နဲ့ 6/128 ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခွဲခန့်) နဲ့ ယွမ် ၁၁၀၀ (မြန်မာငွေ ၃ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က