၆ နာရီဆက်တိုက် သီချင်းနားထောင်နိုင်မှာပါ

ရေနဲ့ချွေးစိုခံနှုန်း ပါလာတဲ့ တတိယမျိုးဆက် AirPods သစ်တွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

ကိုယ်ပိုင် wireless earbuds အဖြစ် ၂၀၁၆ ခုနှစ်က စပြီးထွက်လာတဲ့ Apple AirPods တွေဟာ အခုတစ်ခေါက်မှာ ပုံစံသိသိသာသာပြောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ တတိယမျိုးဆက် AirPods ဟာ AirPods နဲ့ AirPods Pro ဒီဇိုင်းနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းသစ်နဲ့ ထွက်လာတာပါ။ တပ်ဆင်သူတွေရဲ့ နားတိုင်းနဲ့ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပြီး နားကြပ်တံ stems တွေ ပိုတိုလာပါတယ်။ 



Photo: Tech Crunch


သီချင်းဆက်တိုက်နားထောင်တာကို ၆ နာရီအထိ အားခံအောင် ဘက်ထရီ Life ကို တိုးထားတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ နားကြပ်အိမ် Charging case မှာ AirPods တွေကို ၄ ကြိမ်အားသွင်းပေးနိုင်တာ ဖြစ်လို့ Charging case အားအပြည့်ရှိမယ်ဆို စုစုပေါင်း နာရီ ၃၀ အထိ ဘက်ထရီအားခံမှာ ဖြစ်ပါတယ်။ တတိယမျိုးဆက် AirPods တွေမှာ အသံ output ကို အကောင်းဆုံးဖြစ်အောင် အလိုအလျောက် ချိန်ညှိနိုင်တဲ့ Adaptive EQ နဲ့ custom driver တစ်ခု ပါရှိတယ်လို့လည်း ဆိုပါတယ်။ 

AirPods Pro ရဲ့ နားကြပ်ကို ဖိညှပ်ပြီး သီချင်းဖွင့်/ပိတ် ၊ ရှေ့နောက်လျှော့တာတွေ လုပ်နိုင်မယ့် force sensor control လည်း ပါရှိပါတယ်။ AirPods သစ်ဟာ MagSafe charging system နဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ တခြား features သစ်တွေ အနေနဲ့ IPX4 ရေစို/ချွေးစိုခံနှုန်း ၊ ခေါင်းလှည့်တဲ့ပုံစံနောက် လိုက်ပြီး ပတ်ပတ်လည်အသံစနစ် နဲ့ Dolby Atmos music mixes တွေလည်း ထည့်သွင်းထားပါတယ်။ 

Photo: Tech Crunch



AirPods သစ်တွေမှာ ACN - Active Noise Cancellation တိုက်ရိုက်ဆူညံသံစစ်ထုတ်မယ့် လုပ်ဆောင်ချက်တော့ ပါမလာပါဘူး။ AirPods တွေကို ၂၀၁၆ မှာ စတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဒုတိယမျိုးဆက်တွေမှာ ကြိုးမဲ့အားသွင်းစနစ် ပါလာခဲ့ပါတယ်။ ၂၀၁၉ မှာထွက်တဲ့ AirPods Pro ကတော့ ဆီလီကွန်နားကြပ်ခေါင်းနဲ့ လာပြီး ပိုမြောက်တဲ့ဈေးနှုန်းနဲ့ ထွက်လာတာပါ။ 

ပြီးခဲ့တဲ့နှစ်ထဲမှာပဲ Apple ဟာ ဒေါ်လာ ၅၅၀ (မြန်မာငွေ ၁၀ သိန်းကျော်) တန် AirPods Max Headphone နားကြပ်ကို ကြေညာခဲ့ပါတယ်။ ဒီတစ်ခေါက် တတိယမျိုးဆက် AirPods ကိုတော့ ၁၇၉ ဒေါ်လာ (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က