Xiaomi ရဲ့ တန်ဖိုးသင့် 5G ဖုန်းတွေ

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း နဲ့ စွမ်းဆောင်ရည်ကောင်းပြီး ဈေးသင့်တဲ့ Redmi Note 11 စီးရီးဖုန်းသစ်သုံးမျိုးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။ 

Redmi Note 11 စီးရီးမျာ Redmi Note 11 နဲ့အတူ Note 11 Pro နဲ့ Note 11 Pro+ တို့လည်း ပါဝင်ပြီး Pro မော်ဒယ်တွေဟာ Flat Edged ဘောင်ဒီဇိုင်းနဲ့ ကျောဘက် 108MP main sensor သုံးထားပါတယ်။ Redmi Note 11 Pro နဲ့ Note 11 Pro+ နှစ်မျိုးဟာ အတော်များများ ဆင်တူပြီး ဘက်ထရီပါဝါနဲ့ အားသွင်းမှုအပိုင်းမှာ ကွဲပြားမှုရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ ၆.၆၇ လက်မ AMOLED display နဲ့လာပြီး 120Hz Refresh rate ၊ 360Hz Touch Sampling Rate တို့ ပါလာမှာပါ။ 



Photo: GSMArean

ရှေ့ဘက်ဆယ်လ်ဖီကင်မရာဟာ punch-hole ဒီဇိုင်း ဖြစ်ပြီး 16MP ကင်မရာ သုံးလာပါတယ်။ နောက်ကျောဘက်မှာ 108MP Samsung HM2 sensor ၊ 8MP ultrawide 120-degree FOV နဲ့ 2MP telemacro lens တို့ ပါရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 3.5mm headphone jack နဲ့ JBL အသံနည်းပညာ စတီရီယိုစပီကာတွေ ပါရှိပါတယ်။ အသံထွက်ကောင်းဖို့အတွက် ဖုန်းအပေါ်အောက်ဘက်တွေမှာ 0.65 cubic mm အသံခန်းတွေလည်း ထည့်ပေးထားပါတယ်။ 

Redmi Note 11 Pro နဲ့ Note 11 Pro+ တို့မှာ တူညီတဲ့အချက်တစ်ခုက Dimensity 920 SoC ကို သုံးပြီး memory version ကို 6/128 ၊ 8/128 နဲ့ 8/256 ဆိုပြီး သုံးမျိုး ထုတ်ထားတာ ဖြစ်ပါတယ်။ Redmi Note 11 Pro+ ဖုန်းမှာ စိတ်ဝင်စားဖို့ကောင်းတာက 120W fast charging ပါလာတာ ဖြစ်ပြီး 4500mAh ဘက်ထရီကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်ဆိုတာပါပဲ။ Plus မဟုတ်တဲ့ ရိုးရိုး Pro မော်ဒယ်ဟာ 67W charging သုံးထားပြီး အကြီးစား 5160mAh ဘက်ထရီနဲ့ လာပါတယ်။ 

Redmi Note 11 စီးရီးသစ် သုံးမျိုးမှာ အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ Redmi Note 11 ဟာ ၆.၆ လက်မ LCD display နဲ့လာပြီး 90Hz refresh rate ပါရှိပါတယ်။ ကျောဘက်မှာ 50MP နဲ့ 8MP ultrawide ကင်မရာနှစ်လုံး သုံးထားပြီး ရှေ့ဘက်မှာ 16MP selfie ကင်မရာ နဲ့လာပါတယ်။ Dimensity 810 SoC ၊ 4/128GB , 6/128GB ၊ 8/128GB နဲ့ 8/256GB ဆိုပြီး ဗားရှင်း ၄ မျိုး ထွက်ပါတယ်။ 

Photo: GSMArena

ဘက်ထရီပါဝါ 5000mAh ဟာ 33W Fast charging ပံ့ပိုးမှု ပါရှိပြီး ဘေးဘောင်ပါဝါခလုတ်မှာ လက်ဗွေဖတ်စနစ်လည်း ထည့်ထားပါတယ်။ 3.5mm audio jack ၊ စတီရီယိုစပီကာ နဲ့ IR sensor တွေပါရှိပြီး Android 11 ကို အခြေခံထားတဲ့ MIUI 12.5 သုံးထားပါတယ်။ Pro မော်ဒယ်တွေလိုပဲ Redmi Note 11 မှာလည်း microSD slotပါမလာပါဘူး။ Redmi Note 11 ကို Gradient , Black နဲ့ Mint Blue ကာလာတွေနဲ့ ထွက်ထားပြီး ယွမ် ၁၂၀၀ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင် ) ဈေးကနေ စပြီး ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Redmi Note 11 Pro ကို အနက် ၊ Aurora Gardient ၊ Violet နဲ့ Forest Green အရောင်တွေနဲ့ ထွက်ထားပြီး ယွမ် ၁၇၀၀ (မြန်မာငွေ ၅ သိန်းဝန်းကျင်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ Redmi Note 11 Pro+ ကတော့ Gradient ဗားရှင်း မထွက်ဘဲ ယွမ် ၂၀၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးကနေ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က