ဈေးသင့်တဲ့ တက်ဘလက်သစ်ပါပဲ

၁၀.၄ လက်မ အကြီးစား Screen နဲ့ Ultra-Slim Body သုံးထားတဲ့ Realme Pad ထွက်ရှိလာပြီ ဖြစ်ပါတယ်။

           Realme Pad ဟာ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ဖြစ်ပြီး ၁၀.၄ လက်မ IPS LCD display နဲ့ လာပါတယ်။ Screen ရုပ်ထွက် 2000 x 1200p သုံးထားပြီး Screen-to-Body Ratio အနေနဲ့ ၈၂.၅% အထိ ပါရှိတယ်လို့ ကြေညာထားပါတယ်။ အလူမီနီယံ တက်ဘလက်ကိုယ်ထည်ထုဟာ ၆.၉ မီလီမီတာပဲ ရှိလို့ ကိုယ်ထည်ပါးသလို အလေးချိန်အနေနဲ့လည်း ၄၄၀ ဂရမ်ပဲ ရှိမယ်လို့ ဆိုပါတယ်။




Photo: Gizchina

           ထောင့်လေးထောင့်မှာ Dolby Atmos နဲ့ Hi-Res အသံနည်းပညာသုံး စပီကာ ၄ လုံးနဲ့ လာပါတယ်။ Video Call ခေါ်နေချိန်နဲ့ အွန်လိုင်း Conference တွေ လုပ်နေချိန်မှာ ဆူညံသံစစ်ထုတ်မှုကို တစ်ပါတည်း လုပ်ဆောင်ပေးမှာပါ။ Realme ရဲ့ တခြား ထုတ်ကုန်တွေ ဖြစ်တဲ့ Realme Band ၊ Realme Watch တို့နဲ့ တွဲပြီး အသုံးပြုနိုင်စေမယ့် Smart Connect feature လည်း တစ်ခါတည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

           Realme Pad ဟာ Helio G80 Chipset နဲ့ လာပြီး RAM 3/4GB ၊ 32GB/64GB ဆိုပြီး ဗားရှင်းအမျိုးမျိုး ထွက်ထားပါတယ်။ storage ထပ်မြှင့်ဖို့အတွက်လည်း microSD Card slot တစ်ခု ပါရှိပါတယ်။ ရှေ့နဲ့ နောက်မှာ 8MP HD ကင်မရာတွေ သုံးထားပါတယ်။ 18W charging အားသွင်းနိုင်တဲ့ 7100mAh ဘက်ထရီ ပါပြီး တခြားထုတ်ကုန်တွေကိုလည်း reverse charging ပြန်ပေးနိုင်မှာပါ။

           Android 11 ကို အခြေခံထားတဲ့ Realme UI for Pad နဲ့လာပြီး Real Gold နဲ့ Real Grey ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ် 3/32GB (WiFi) မော်ဒယ်ကို ၁၃၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) ဈေး ၊ အမြင့်ဆုံး 4/64GB (WiFi+LTE) မော်ဒယ်ကို ၁၇၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က