စတိန်းလတ်စတီးကိုယ်ထည်နဲ့ ပရီမီယံကျတဲ့ Xiaomi ရဲ့ High-End စမတ်နာရီသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Xiaomi 12 စီးရီးနဲ့အတူ ကြေညာလိုက်တဲ့ Xiaomi Watch S1 ဟာ နီလာ Sapphire မှန် Display ၊ နွားသားရေ လည်သာကြိုးနဲ့ စတိန်းလတ်စတီးကိုယ်ထည် သုံးထားပြီး အကြီးစား ၁.၄၃ လက်မ AMOLED display နဲ့ လာပါတယ်။ Watch S1 ဟာ ရိုးရှင်းတဲ့ နာရီအိုးအဝိုင်းပုံစံနဲ့လာပြီး Third Party Apps တွေလည်း ထည့်နိုင်အောင် အထောက်အပံ့ပေးထားပါတယ်။
Photo: Mi Blog
5ATM ရေလုံတဲ့ နာရီဖြစ်ပြီး အားကစားအတွက် Sports Modes ၁၁၇ မျိုးကျော် ခြေရာခံနိုင်ပါတယ်။ ဒီနာရီနဲ့ပဲ ငွေပေးငွေချေလုပ်နိုင်အောင် Onboard NFC လုပ်ဆောင်ချက် ထည့်ပေးထားတဲ့အပြင် နာရီနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကနေတစ်ဆင့် ဖုန်းပြောနိုင်အောင် မိုက်ခရိုဖုန်းတစ်ခုနဲ့ စပီကာတို့လည်း ပါဝင်ပါတယ်။
Fitness Features တွေအနေနဲ့ နှလုံခုန်တိုင်း Sensor ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာမှုနဲ့ အိပ်စက်မှုခြေရာခံစနစ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Watch S1 ဟာ ကမ္ဘာ့ဂြိုလ်တု လမ်းပြစနစ် GNSS တည်နေရာနည်းပညာလည်း ပါဝင်ပြီးသား နာရီ ဖြစ်ပြီး 470mAh ဘက်ထရီကြောင့် ၁၂ ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ နာရီကို ကြိုးမဲ့အားသွင်းစနစ်နဲ့ အားသွင်းနိုင်တာပဲ ဖြစ်ပါတယ်။
ရာဘာလက်ပတ်ကြိုးမော်ဒယ်အတွက် ၁၀၄၉ ယွမ် (မြန်မာငွေ ၃ သိန်း ) နဲ့ လယ်သာကြိုးမော်ဒယ်အတွက် ၁၁၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၁ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။