Samsung ရဲ့ တန်ဖိုးသင့် A စီးရီး တက်ဘလက်သစ်ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Galaxy Tab A8 (2021) ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက နိုင်ငံတကာဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ တက်ဘလက်ဖြစ်ပြီး အခုချိန်မှာ အိန္ဒိယဈေးကွက်ထဲ တရားဝင် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ၁၀.၅ လက်မ FHD+ LCD Display သုံးထားတဲ့ ဒီတက်ဘလက်ဟာ Unisoc Tiger T618 Chipset နဲ့ ထွက်လာတာပါ။ Memory ဗားရှင်းအနေနဲ့ 3/32GB ၊ 4/64GB နဲ့ 4/128GB ဆိုပြီး ဗားရှင်း သုံးမျိုး ထွက်ထားပါတယ်။
Photo: Gizchina
ရှေ့ဘက်မှာ Video Call ခေါ်ဖို့အတွက် 5MP ဆယ်လ်ဖီကင်မရာနဲ့ ကျောဘက် 8MP ကင်မရာတို့လည်း ပါရှိပါတယ်။ WiFi Only နဲ့ LTE ဗားရှင်းဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့လာပါတယ်။ ဗားရှင်းနှစ်မျိုးစလုံးမှာ 3.5mm Headphone Jack နဲ့ အားသွင်းဖို့ USB-C Port ပေါက်တို့လည်း ထည့်ထားပါတယ်။ ဘက်ထရီပါဝါ 7040mAh ပါရှိပြီး အားသွင်းစနစ်အနေနဲ့ 15W Charging ပံ့ပိုးထားပါတယ်။
Galaxy Tab A8 (2021) ဟာ Android 11 အခြေခံ OneUI 3.1 ဆော့ဖ်ဝဲလ်နဲ့ လာပါတယ်။ အရောင်အနေနဲ့ မီးခိုးရောင် ၊ ပန်းရောင်နဲ့ ရွှေရောင် ၊ ငွေရောင် ကာလာတွေနဲ့ ဝယ်ယူနိုင်မှာပါ။ Dolby Atmos အသံနည်းပညာ စပီကာလေးလုံးတပ်ထားတဲ့ ဒီတက်ဘလက်ကို ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး အိန္ဒိယက Samsung အွန်လိုင်းစတိုးတွေနဲ့ လက်လီအရောင်းဆိုင်ကြီးတွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
ဈေးနှုန်း ရူပီး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။