ဈေးအချိုဆုံး 5G ဖုန်းတွေထဲက တစ်လုံးလို့ ဆိုနိုင်ပါတယ်။

တန်ဖိုးနည်း 5G ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးအဖြစ် ပြောနိုင်တဲ့ Nokia ဖုန်းတစ်လုံး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 



5G ဖုန်းတစ်လုံးအတွက် ဈေးအများကြီး မသုံးချင်သူတွေအတွက် Nokia G300 ဟာ ဘက်ဂျက်တန်းအတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံး 5G ဖုန်းလို့ ပြောနိုင်ပါတယ်။ ဒေါ်လာ ၂၀၀ တန် ဖုန်းဖြစ်လို့ အခု မြန်မာငွေပေါက်ဈေးနဲ့ဆို ၄ သိန်းကျော်နိုင်ပေမယ့် ဈေးသက်သာတယ်လို့ ပြောလို့ရပါတယ်။ 

တန်ဖိုးနည်း 5G ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းမှာ နောက်ဆုံးပေါ် နည်းပညာနဲ့ အမိုက်စားဒီဇိုင်းတွေ မြင်ရဖို့ မမျှော်လင့်ဖို့လည်း ပြောရမှာပါ။ ကျောဘက်မှာ စက်တိုင်းပုံစံ ကင်မရာ Cutout နဲ့ Triple Lesn သုံးတာ ၊ ဘက်ထရီပါဝါကြီးပြီး OZO ပတ်ပတ်လည် အသံစနစ် ၊ NFC နဲ့ 3.5mm headphone jack ပါတာတွေကတော့ ချီးကျူးရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။

Photo: GSMArena

Fingerprint Scanner ကို ဘေးဘောင် ပါဝါခလုတ်ထဲမှာ ထည့်သွင်းထားတာကြောင့် ကျောဘက်မှာ လက်ဗွေဖတ်စနစ်နဲ့ ဒီဇိုင်းရှုပ်ပြီး အမြင်မလှတာမျိုး မဖြစ်တော့ပါဘူး။ ဘေးဘောင်ဒီဇိုင်းက Flat ဆန်ပြီး သပ်ရပ်လာတာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ Screen အနေနဲ့ V-Notch ဒီဇိုင်းသုံးထားပြီး အောက်မှာ ဘောင် Bezel ခပ်ထူထူပါနေတာကတော့ Nokia ဘက်ဂျက်ဖုန်းတွေမှာ မြင်နေကျမို့ ထူးဆန်းစရာ အကြောင်းမရှိပါဘူး။

Notch ထဲမှာ 8MP selfie ကင်မရာသုံးထားပြီး Screen Size ၆.၅ လက်မ HD display (720x1600px) နဲ့ လာပါတယ်။ RAM 4GB/64GB onboard storage ဆိုတာ ဒီဘက်ခေတ်မှာ အတော်နည်းတဲ့ ပမာဏဖြစ်နေပေမယ့် SD card ကနေ တစ်ဆင့် 1TB အထိ ထပ်တိုးနိုင်မှာ ဖြစ်လို့ storage အတွက် အဖြေရှိထားတယ်လို့ ပြောနိုင်ပါတယ်။ 

သုံးထားတဲ့ processor ဟာ အနိမ့်တန်း Snapdragon 4805G SoC ဖြစ်ပြီး Android 11 တင်ပြီးသား ထွက်လာတာပါ။ ဘက်ထရီပါဝါ 4470mAh ဟာ AI အထောက်အကူပြု Adaptive ဘက်ထရီနည်းပညာကြောင့် နှစ်ရက်အထိ အားခံမယ်လို့ ဆိုပါတယ်။ အားသွင်းမှုကို 18W power နှုန်းအထိ အားသွင်းနိုင်အောင် support ပေးထားတဲ့ USB-C port ကနေ အားသွင်းနိုင်မှာပါ။ 

Photo: ZDNet

ဈေးသက်သာတဲ့ ဖုန်းဖြစ်ပေမယ့် ကျောဘက်မှာ ဆွဲဆောင်မှုရှိတဲ့ သုံးလုံးတွဲကင်မရာစနစ်သုံးထားတာကလည်း စိတ်ဝင်စားစရာပါ။ စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ 16MP f/1.89 aperture ၊ 5MP ultrawide နဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံးသုံးထားပါတယ်။ ပုံရိပ်ငြိမ် Image Stabilization သုံးပြီး 1080p ဗွီဒီယိုတွေကို 60FPS နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ OZO Spatial အသံစနစ်ပါလို့ လေတိုက်သံလို ဆူညံမှုတွေကို ကောင်းကောင်းစစ်ထုတ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

Nokia G300 ကို အောက်တိုဘာ ၁၉ ရက် အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၂၀၀ နှုန်းနဲ့ ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က