အိန္ဒိယဖုန်းဈေးကွက်ထဲ တန်ဖိုးသင့် Itel စမတ်နာရီနှစ်မျိုး ဝင်ရောက်လာပါတယ်။
Itel က အသစ်မိတ်ဆက်လိုက်တဲ့ Smartwatch 2 နဲ့ 1GS နာရီတို့ဟာ ဒီဇိုင်းခြင်း မတူပေမယ့် သုံးထားတဲ့ နည်းပညာပလက်ဖောင်းနဲ့ ဈေးသက်သာခြင်း တူပါတယ်။ Itel Smartwatch 1GS ဟာ အလူမီနီယံအိုးနဲ့လာပြီး အဝိုင်းနာရီအိုးဒီဇိုင်း သုံးထားပါတယ်။ နာရီအိုးဆိုဒ် ၁.၃၂ လက်မ 360 x 360px LCD Display ပါရှိပြီး နှလုံးခုန်တိုင်းတာရေး နဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းစနစ်တွေလိုမျိုး အာရုံခံ Sensor တွေ ထည့်သွင်းထားပါတယ်။
Photo: GSMArena
Itel Smartwatch 1GS မှာ 250mAh ဘက်ထရီပါရှိပြီး ကုမ္ပဏီရဲ့အဆိုအရ Bluetooth ခေါ်ဆိုမှု ၅ နာရီဆက်တိုက် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီနာရီမှာ Loudspeaker အသေးတစ်ခုနဲ့ မိုက်ခရိုဖုန်းတစ်ခု ပါရှိပြီး လက်ကောက်ဝတ်မှာ ဝတ်ဆင်ရင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ အနေနဲ့ ၂၄ နာရီဆက်တိုက် နှလုံးခုန်တိုင်းတာရေးနဲ့ အိပ်စက်မှုစောင့်ကြည့်ရေးစနစ်အပြင် ၊ သွေးတွင်းအောက်ဆီဂျင်တိုင်း Sensors နဲ့ တခြားကိရိယာတွေလည်း ပါရှိပါတယ်။
Smartwatch 2 ကတော့ ပိုပြီး အရွယ်အစားကြီးတဲ့ လေးထောင့်စပ်စပ် ၁.၈ လက်မ IPS Panel နဲ့ လာပြီး Screen Resolution ကတော့ 240 x 296px ပါရှိပါတယ်။ ဘက်ထရီပါဝါ 230mAh အားနဲ့ လာပြီး Internal Storage 128MB သုံးထားပါတယ်။ သီချင်းတွေ နားထောင်ချင်ရင်တော့ ဖုန်းထဲက သီချင်းတွေကို Bluetooth Audio Steaming အကူအညီနဲ့ နားထောင်နိုင်မှာပါ။ Smartwatch 2 ရဲ့ စမတ် Noti လုပ်ဆောင်ချက်နဲ့အတူ အသုံးပြုသူဟာ ပုံမှန်စာသားမက်ဆေ့ချ်တွေ , အီးမေးလ် , Social Media Alerts , နှိုးစက်နာရီတွေ , ပြက္ခဒိန်တွေနဲ့ အမျိုးသမီးဓမ္မတာစက်ဝိုင်း အသိပေးစနစ်တွေလည်း ပါဝင်ပါတယ်။
PHoto: fonearena
ဆော့ဖ်ဝဲလ် Features တွေအပြင် တခြားအချက်အလက်တွေမှာလည်း Smartwatch 2 ဟာ Smartwatch 1GS နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Itel စမတ်နာရီနှစ်မျိုးစလုံးဟာ ရေစိုဖုန်တင်ခံမှုနှုန်းမှာ IP68 Rating ခံနိုင်ရည်ရှိပါတယ်။ Irel Smartwatch 1GS ကို ၂၉၉၉ ရူပီး (မြန်မာငွေ ၈ သောင်းဝန်းကျင်) နဲ့ Itel Smartwatch 2 ကို ၂၄၉၉ ရူပီး (မြန်မာငွေ ၆ သောင်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချထားပါတယ်။