စစ်တပ်အဆင့် အကြမ်းခံမှုနဲ့လာတဲ့ တက်ဘလက်ပါ

စမတ်ဖုန်းလောကထဲက ထွက်ခွာသွားတဲ့ LG ဟာ ဒေါ်လာ ၃၀၀ ကျော်တန် တက်ဘလက်သစ်တစ်မျိုး ဖြန့်ချိလာပါတယ်။ 

တောင်ကိုရီးယားဈေးကွက်အတွက် အလတ်တန်းစားတန် တက်ဘလက်သစ် မိတ်ဆက်လိုက်တာ ဖြစ်ပြီး နောက်ဆုံးပေါ် Android 12 စနစ် သုံးလာတာပါ။ LG Ultra Tab သစ်ဟာ ၁၀.၃၅ လက် FHD+ Display နဲ့လာပြီး အမြင့်ဆုံးတောက်ပမှု 500nits အထိ ထွက်ပါတယ်။ 1W Speakers လေးလုံး ၊ 27.1W ဘက်ထရီ ၊ Wacom AES 2.0 digital pen အတွက် support စနစ်အပြင် microSD Slot ကနေ Storage ထပ်မြှင့်နိုင်အောင်ပါ ဖန်တီးပေးထားပါတယ်။ 





ခပ်ထူထူဘေးဘောင်တွေနဲ့ လာပြီး Display ဘောင်တွေမှာ စပီကာလေးလုံးတပ်ထားပါတယ်။ ရှေ့ဘက်မှာ 5MP Selfie ကင်မရာ တပ်ဆင်ထားပြီး ကျောဘက်မှာ Autofocus ပါ 8MP Main Camera စနစ် သုံးထားပါတယ်။ အလတ်တန်းစား တက်ဘလက်ဖြစ်တဲ့အတိုင်း Snapdragon 680 Chipset ၊ RAM 4GB ၊ 64GB Storage အတွဲ သုံးထားပြီး Charcoal Gray ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပါတယ်။ 

အကြမ်းခံမှုနှုန်းမှာ အမေရိကန်စစ်တပ်အဆင့် MIL-STD 810G စံနဲ့ လာပြီး WiFi 5 ၊ Bluetooth 5.1 စနစ်နဲ့ USB 2.0 Type-C port ပေါက်တို့ ပါရှိပါတယ်။ အလေးချိန် ပေါင် ၄၅၈ ဂရမ် နဲ့ အထူ ၇.၁ မီလီမီတာ ရှိပြီး သတ္ထုကိုယ်ထည် သုံးထားတဲ့ LG Ultra Tab ကို တောင်ကိုရီးယားဈေးကွက်မှာ ကိုရီးယားဝမ် ၄၂၆၀၀၀ (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က