Midnight Jade ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပါတယ်။

OnePlus ရဲ့ တန်ဖိုးနည်းဖုန်းစီးရီးဖြစ်တဲ့ OnePlus Nord N300 5G ဖုန်းကို အမေရိကန်ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

အမေရိကန်ဈေးကွက်ထဲ ရောင်းချလာတဲ့ MediaTek Chipset သုံး ပထမဆုံး OnePlus ဖုန်းအဖြစ် OnePlus Nord N300 5G သစ်ကို ကြေညာလိုက်တာပါ။ Nord စီးရီး နောက်ဆုံးပေါ် ဖုန်းဟာ Dimensity 810 SoC နဲ့ လာပြီး 33W Fast Charging အမြန်အားသွင်းနည်းပညာ သုံးထားပါတယ်။ OnePlus Nord N300 5G ဟာ တန်ဖိုးနည်းဖုန်းဖြစ်တဲ့အတိုင်း HD+ Resolution ထွက်တဲ့ ၆.၅၆ လက်မ IPS LCD Display နဲ့လာပြီး 90Hz Refresh Rate ပါရှိပါတယ်။



Photo: Engadget


အရင် OnePlus Nord N200 5G တုန်းက punch-hole cutout သုံးထားပေမယ့် OnePlus Nord N300 5G မှာတော့ waterdrop notch ပါ 8MP Selfie ကင်မရာနဲ့ လာပါတယ်။ လေးထောင့်စပ်စပ် ဘောင်ပြားနဲ့လာပြီး ကျောဘက်မှာ 48MP Main Camera ၊ 2MP Depth Sensor တို့ ပါရှိပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်ပါဝါခလုတ်ထဲမှာ မြှပ်ထားတဲ့ လက်ဗွေဖတ် Scanner တစ်ခု ထည့်ထားပါတယ်။ 

ဘက်ထရီပါဝါကိုလည်း အကြီးစား 5000mAh သုံးထားပြီး 33W Fast Charging Support ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OxygenOS နဲ့ လာပါတယ်။ Storage ထပ်တိုးဖို့အတွက် microSD Slot တစ်ခုနဲ့ 3.5mm Headphone Jack တို့လည်း တပ်ဆင်ထားပါတယ်။ OnePlus Nord N300 ဟာ RAM 4GB / Internal Storage ကို 64GB ပဲ သုံးထားတာပါ။ OnePlus Nord N300 ကို Midnight Jade ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပါတယ်။ 

အမေရိကန်ဈေးကွက်မှာ ဒီဖုန်းကို T-Mobile နဲ့ Metro တို့မှာ ၂၂၈ ဒေါ်လာ (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က