အချက်အလက်အပြည့်အစုံတော့ မသိရသေးပါဘူး

iPhone 13 Pro ဆန်တဲ့ ကျောဘက်ကင်မရာဒီဇိုင်းနဲ့လာတဲ့ Honor 60 SE 5G ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။ 

Honor 60 SE ရဲ့ နောင်တော်ကြီးတွေ ဖြစ်တဲ့ Honor 60 နဲ့ 60 Pro တို့ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလပိုင်းကပဲ ကြေညာသွားခဲ့တာပါ။ ဒီတစ်ခေါက် တရုတ်ဈေးကွက်ထဲ ဝင်လာတဲ့ Honor 60 SE ကတော့ အရင်ထွက်ထားတဲ့ Honor 60 / 60 Pro တို့နဲ့ ဒီဇိုင်းပိုင်း သိသိသာသာ ကွဲပြားပါတယ်။ 



Photo: Gizmochina


ရှေ့ပိုင်းက Samsung Galaxy Note 20 စတိုင် Central Punch-Hole ကင်မရာပုံစံနဲ့ ဘေးဘောင်အခုံးမှန်ဒီဇိုင်းကို သုံးထားပါတယ်။ ထောင့်လေးထောင့်နေရာတွေမှာ ကွေးညွှတ်ထားပြီး ကျောဘက်စတုရန်းပုံကင်မရာအိမ်ထဲမှာ iPhone 13 Pro စတိုင် ကင်မရာအထိုင်နဲ့ လာပါတယ်။ 

တရုတ်မှာ မိတ်ဆက်ထားပေမယ့် ဖုန်းအကြောင်းအချက်အလက်အပြည့်အစုံတော့ မသိရသေးပါဘူး။ Honor 60 SE 5G ဟာ 120Hz Refresh Rate သုံးထားပြီး Screen Size တော့ မသိရသေးပါဘူး။ Teaser ပုံမှာ ဖော်ပြချက်အရ ရှေ့ Punch-Hole ကင်မရာအိမ်ထဲမှာ 64MP Selfie ကင်မရာ သုံးလာမှာ ဖြစ်ပါတယ်။

ကြားထားတဲ့သတင်းတွေအတိုင်းဆို ဒီဖုန်းဟာ MediaTek Dimensity 9000 SoC နဲ့ လာဖို့ ရှိပြီး RAM 8GB/128GB Storage နဲ့ RAM 8GB/256GB Storage ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်လာမှာပါ။ ကျောဘက်မှာ သုံးလုံးတွဲကင်မရာတွေ ဖြစ်တဲ့ 64MP Main Sensor၊ 8MP Ultrawide Lens နဲ့ 2MP Lens တို့ သုံးထားပါတယ်။ 

Photo: gizchina


ဘက်ထရီပါဝါအရွယ်အစား မသိရသေးပေမယ့် Charging ပိုင်းမှာ 66W Fast Charging နည်းပညာ ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို ၂၁၉၉ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) နဲ့ ၂၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်းဝန်းကျင်) ဈေးတွေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရောင်းချသွားဖို့ ရှိပါတယ်။

Honor ဟာ ဖေဖော်ဝါရီ ၂၈ ကနေ မတ်လ ၃ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပသွားမယ့် Mobile World Congress ပွဲလည်း တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲမှာ တန်ဖိုးမြင့် Flagship မော်ဒယ် Magic Series ထုတ်ကုန်သစ်တွေ မိတ်ဆက်လာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က