ကမ္ဘာ့လက်ပ်တော့ဈေးကွက်ထဲ TCL ထုတ် တန်ဖိုးသင့်လက်ပ်တော့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
TV နဲ့ အိမ်သုံးအီလက်ထရွန်းနစ်ထုတ်ကုန်တွေနဲ့ နာမည်ကျော်တဲ့ TCL က ပထမဆုံးအကြိမ် လက်ပ်တော့ဈေးကွက်ထဲ ဝင်ရောက်လာတာပါ။ TCL Book 14 Go ဟာ ကုမ္ပဏီရဲ့ပထမဆုံး Laptop မော်ဒယ်ဖြစ်ပြီး Snapdragon 7c chipset ၊ Adreno 618 GPU နဲ့ Windows 11 support ပေးထားပါတယ်။Snapdragon Chip သုံး လက်ပ်တော့ တွေဟာ ပုံမှန်အားဖြင့် ဈေးပိုမြောက်ပေမယ့် Book 14 Go ကတော့ ဈေးသက်သာတဲ့ မော်ဒယ်အဖြစ် မြင်ရမှာပါ။
Photo: techadvisor
သုံးထားတဲ့ Snapdragon 7c ကလည်း Qualcomm ရဲ့ ဈေးနှုန်းသင့် chipset ဖြစ်ပြီး တန်ဖိုးသင့် PC နဲ့ Chromebooks တွေမှာ သုံးလေ့ရှိပါတယ်။ ဒီ Processor ဟာ LTE ကွန်ရက်ချိတ်ဆက်မှုအပြင် ဘက်ထရီသက်တမ်းပါ ပိုခံအောင် ထုတ်ထားတာပါ။ RAM 4GB/256GB storage တစ်မျိုးတည်း ထွက်ထားပြီး SD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ ဒုတိယသုံးလပတ်အတွင်း ဈေးကွက်ထဲ ဝင်ရောက်မယ်လို့ ဆိုပါတယ်။
TCL Book 14 Go ဟာ ပေါ့ပေါ့ပါးပါး သွားလေရာ သယ်သွားနိုင်အောင် ရည်ရွယ်ပြီး ဝိတ် ၂.၉ ပေါင်ပဲ အလေးချိန်ရှိအောင် ထုတ်ထားတာပါ။ နာမည်အတိုင်း မျက်နှာပြင်ဆိုဒ် ၁၄.၁ လက်မရှိပြီး ရုပ်ထွက် 1366 x 768p ရုပ်ထွက်ပါရှိပါတယ်။ TCL ဟာ 40Wh ဘက်ထရီနဲ့လာပြီး ၁၀ နာရီကနေ နာရီ ၂၀ အထိ အားခံမယ်လို့ ဆိုပါတယ်။ အားသွင်းမှုဘက်မှာ 25W Fast Charging ပံ့ပိုးမှု ပါဝင်ပါတယ်။Screen Refresh Rate အနေနဲ့ 60Hz Standard Rate ပဲ သုံးလာတာပါ။
၃၄၉ ဒေါ်လာ ဈေးနဲ့ ရောင်းချမှာ ဖြစ်လို့ မြန်မာငွေပေါက်ဈေးနဲ့ဆို ၆ သိန်းနဲ့အထက် ရှိမယ့် လက်ပ်တော့ ဖြစ်ပါတယ်။ လောလောဆယ် ရောင်းမယ့်ရက်နဲ့ ဖြန့်ချိမယ့် နိုင်ငံတွေအကြောင်း မသိရသေးပါဘူး။