Realme Band ကို ဒီဇိုင်းပြောင်းပြီး အဆင့်မြှင့်ထားတဲ့ Realme Band 2 ကို မိတ်ဆက်သွားပါတယ်။
Realme Band 2 ဟာ Screen Size နဲ့ ဘက်ထရီပိုကြီးလာပြီး Honor Band 6 လို ဒီဇိုင်းမျိုးနဲ့ ထွက်လာတာပါ။ ပုံမှန် Fitness Band ထက် စာရင် Realme Band 2 ဟာ စမတ်နာရီတစ်လုံးနဲ့ ပိုတူနေတယ်လို့ ဆိုရမှာပါ။ Realme Band မှာ အရွယ်အစား ၀.၉၆ လက်မ Color display သုံးရာကနေ ဒီမော်ဒယ်မှာ screen size ၁.၄ လက်မကို ပြောင်းလဲ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ resolution အနေနဲ့ 320 x 167px ရုပ်ထွက် ပါရှိပြီး peak brightness ဟာ 500nits အထိ ရမယ်လို့လည်း ဆိုပါတယ်။
Photo: GSMArena
ဘက်ထရီပိုင်းမှာလည်း Realme Band 2 ဟာ 204mAh ဘက်ထရီနဲ့လာပြီး ဘက်ထရီအား ၁၂ ရက်အထိ ခံမယ်လို့ ကြော်ငြာထားပါတယ်။ original band တုန်းက ဘက်ထရီသက်တမ်း ၁၀ ရက်ခံမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Realme Band 2 မှာ watchfaces ပေါင်း ၅၀ ကျော် အထောက်အပံ့ပေးထားပြီး ဒီ band နဲ့ ချိတ်ထားတဲ့ ဖုန်းထဲက ဓါတ်ပုံကို ယူသုံးနိုင်မယ့် option တစ်ခုလည်း ဖန်တီးထားပါတယ်။
နှလုံးခုန်နှုန်း တိုင်းတာ ၊ အိပ်စက်မှုခြေရာခံတာ ၊ အလိုအလျောက်စနစ်သုံး ခြေလှမ်းရေတွက်မှု လုပ်တာ ၊ ရေသောက်သုံးမှု သတိပေးစနစ်နဲ့ အထိုင်များသူတွေကို သတိပေးတဲ့ စနစ်တွေစတဲ့ ကျန်းမာရေး features တွေကတော့ Original Band မှာလိုပဲ ဆက်ပြီး ပါရှိပါတယ်။ features သစ်တွေအနေနဲ့ စိတ်ဖိစီးမှု တိုင်းတာခြင်း ၊ အမျိုးသမီးများ ကျန်းမာရေးခြေရာခံစနစ်နဲ့ သွေးတွင်း အောက်ဆီဂျင်တိုင်းတဲ့ SpO2 Sensor တို့လည်း ထည့်ပေးထားပါတယ်။
Photo: GSMArena
အရင် Realme Band မှာ workout mode ၉ ခုပဲ support ပေးခဲ့ပေမယ့် Realme Band 2 မှာ sprots mode ၉၀ အထိ ထည့်သွင်းလာပါတယ်။ ဒီထဲက ယောဂ ၊ Outdoor/Indoor လမ်းလျှောက်မှု/ပြေးမှု ၊ ခရစ်ကတ် ၊ ဘက်စကတ်ဘော ၊ ရေကူးနဲ့ ဘောလုံးကန်စတဲ့ အားကစားလှုပ်ရှားမှု ၁၄ မျိုးကို ဒီလက်ပတ်က ခြေရာခံနိုင်မှာပါ။ နောက်ထပ် Highlight features တွေအနေနဲ့ သီချင်းအဖွင့်/အပိတ်/အတိုး/အလျှော့လုပ်တဲ့စနစ် ၊ ကင်မရာထိန်းချုပ်မှု ၊ ရာသီဥတုခန့်မှန်းခြင်း ၊ Alarms နဲ့ မီတာ ၅၀ ရေအနက်အထိ ရေစိမ်ခံမှုတွေလည်း ပါဝင်ပါတယ်။
Band 2 ကို Space Grey ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပြီး လက်ပတ်ကြိုးကတော့ အရောင်မျိုးစုံနဲ့ ဝယ်နိုင်မှာပါ။ မလေးရှားဈေးကွက်မှာ Realme Band 2 ကို ၁၆၉ ရင်းဂစ် (မြန်မာငွေ ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။