120Hz OLED Display နဲ့ 4500mAh ဘက်ထရီ သုံးထားပါတယ်

50MP Dual Camera နဲ့ တမူကွဲပြားတဲ့ ဒီဇိုင်းသစ်သုံး Nothing ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

လန်ဒန်အခြေစိုက် Nothing ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းထုတ်ကုန်အဖြစ် ကြေညာလိုက်တဲ့ Nothing Phone (1) ဟာ ဒီဇိုင်းအမြင်ဆန်းသစ်မှုကို သတ္တိရှိရှိ စတင် အကောင်အထည်ဖော်ထားတဲ့ ဖုန်းအဖြစ် လူစိတ်ဝင်စားမှုမြင့်နေတဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ ၆.၅၅ လက်မ Android ဖုန်းတစ်လုံးဟာ Nothing ear (1) နားကြပ်ရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာဆောင်တဲ့ ထွင်းဖောက်မြင် ဒီဇိုင်းကို ယူသုံးထားတာပါ။ 





ဘေးဘောင်ဒီဇိုင်းတွေမှာ iPhone 12/13 စီးရီးရဲ့ဟန်အတိုင်း Flat-Edged လေးထောင့်ဘောင်ပြားစတိုင်နဲ့ လာပြီး ရှေ့နောက် Dual Glass မှန်တွေ ပါရှိပါတယ်။ ဖုန်းကိုယ်ထည်ဟာ IP53 ရေစိုဖုန်တင်ဒဏ်ခံနိုင်ရည် ပါရှိပါတယ်။ ကျောဘက်ကာဗာဟာ ထူးခြားတဲ့ ထွင်းဖောက်မြင် ဒီဇိုင်းနဲ့ မက်ဆေ့ချ်/Noti/ဖုန်အဝင်ခေါ်ဆိုမှုတွေ ဝင်လာတာနဲ့ လင်းလာမယ့် Glyph အလင်းတန်းတွေ တပ်ဆင်ထားပါတယ်။ LED မီးတန်းကို ဆော့ဖ်ဝဲလ်နဲ့ တွဲထားတာ ဖြစ်ပြီး ဖုန်း Noti နဲ့ Status အလိုက် အလင်းတုံ့ပြန်မှု လုပ်ပါတယ်။ 

မျက်နှာပြင်ဆိုဒ် ၆.၅၅ လက်မရှိတဲ့ Nothing Phone (1) ဟာ 120Hz OLED display (FHD+) ရုပ်ထွက်နဲ့လာပြီး အနားလေးဘက်လုံးမှာ Bezel အနားတွေက တစ်ဆိုဒ်တည်း Uniform ဖြစ်နေပါတယ်။ အလင်းတောက်ပမှုဟာ 1200nit peak brightness အထိ ရှိပြီး outdoor အသုံးပြုမှုကို ပိုပြီး ကောင်းမွန်စေမှာပါ။ ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက် လက်ဗွေဖတ်စနစ် တပ်ဆင်ထားတဲ့အပြင် ခွဲစိတ်ခန်းသုံး Mask တပ်ထားချိန်မှာတောင် မျက်နှာကို ဖတ်ရှုမှုလုပ်နိုင်တဲ့ ဆော့ဖ်ဝဲလ်အခြေပြု Face Unlock စနစ်လည်း ထည့်သွင်းပေးထားပါတယ်။ 

Mid-Ranger တစ်လုံးအတွက် Snapdragon 778G+ SoC ၊ 8/12GB နဲ့ 128GB/256GB UFS 3.1 Storage တို့နဲ့ တွဲဖက်မောင်းနှင်ထားသလို ကြိုးမဲ့အားသွင်းစနစ်လည်း အထောက်အပံ့ပေးထားပါတယ်။ ဘက်ထရီပါဝါ 4500mAh ဟာ 33W PD3.0 Wired Fast Charging နဲ့လာပြီး 15W Qi Wireless Charging ၊ တခြားထုတ်ကုန်တွေကိုလည်း 5W Reverse Wireless Charging နှုန်းနဲ့ အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ သူလည်း ဗူးအတွင်းမှာ Charger မပါဘဲ USB-C To USB-C Cable တစ်ချောင်းပဲ ထည့်ပေးထားတာပါ။ 


ကင်မရာပိုင်းမှာ Sony IMX766 50MP Main Sensor နဲ့ ၁၁၄ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 50MP Samsung ISOCELL JN1 Ultrawide ဆိုပြီး ကျောဘက်ကင်မရာနှစ်လုံး သုံးပေးထားပါတယ်။ Main Camera မှာ Optical Image Stabilization (OIS) ရုပ်ငြိမ်စနစ် ပံ့ပိုးပေးထားပြီး Electronic Image Stabilization (EIS) ရုပ်ငြိမ်စနစ်ကိုတော့ Sensor နှစ်မျိုးလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက် ဘယ်အပေါ်ထောင့်မှာရှိတဲ့ Selfie ကင်မရာကိုတော့ Sony IMX471 Sensor 16MP ကို သုံးထားတာ ဖြစ်ပါတယ်။ ကင်မရာ mode အနေနဲ့ Portrait Mode ၊ Night Mode ၊ Panorama Night Mode ၊ Night Video နဲ့ Expert Modes တို့ ပါပြီး Night Video Mode ကို 1080p / 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ Nothing OS နဲ့လာပြီး AndroidOS Update ၃ နှစ် နဲ့ နှစ်လတစ်ကြိမ် Security Patches ၄ နှစ်အထိ ပေးသွားမယ်လို့ ဆိုပါတယ်။ Nothing Phone (1) ကို အနက်နဲ့အဖြူ နှစ်ရောင်နဲ့ ထွက်ထားပြီး 8/128GB ဗားရှင်းကို ၃၉၉ ပေါင် (မြန်မာငွေ ၈ သိန်း ၈ သောင်းခန့်) ၊ 8/256GB မော်ဒယ်ကို ၄၄၉ ပေါင် (မြန်မာငွေ ၁၀ သိန်းခန့်) နဲ့ 12/256GB ဗားရှင်းကို ပေါင် ၅၀၀ (မြန်မာငွေ ၁၁ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က