သမိုင်းဝင်အထိမ်းအမှတ်တွေတွေအပေါ် ၅ ရက်ကြာ ပျံဝဲကြည့်ရှုဖို့ စီစဉ်ထားပါတယ်။

နောက် ၃ နှစ်မှာ မိုးပျံပူဖောင်းစီးပြီး စထရာတိုစပီးယားလေထုအလွှာထဲ ခရီးသွားလာမှု စတင်တော့မယ်လို့ ဆိုပါတယ်။

           



           အာကာသထဲအရောက်သွားမယ့် မိုးပျံပူဖောင်းစီးနင်းမှုခရီးစဉ်အတွက် စီးပွားဖြစ်ပျံသန်းမှုကို ၂၀၂၄ ခုနှစ်မှာ စတင်သွားမှာ ဖြစ်ပြီး ခုံတစ်နေရာကို ပေါင် ၃၆၇၀၀ (မြန်မာငွေ သိန်း ၁၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့လည်း Daily Mail သတင်းက ဖော်ပြထားပါတယ်။ အာကာသခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ World View Enterprises ဟာ အရီဇိုးနားပြည်နယ် တပ်စ်ဆန်မှာ မိုးပျံပူဖောင်းအခြေပြုစနစ် အကောင်အထည်ဖော်နေပါတယ်။ ဒီစနစ်ဟာ ခရီးသည်တွေကို အမြင့်ပေ ၁ သိန်း (၁၈ မိုင်ခန့်) အထိ ရောက်အောင် ပို့ဆောင်ပေးသွားမှာပါ။

Photo: Express


           ဒီအမြင့်ဟာ အာကာသနယ်စပ် ကာမန်လိုင်းလို့ NASA က သတ်မှတ်ထားတဲ့ အမြင့်မိုင် ၅၀ ကို မမှီပေမယ့် ကမ္ဘာအဝန်းနဲ့ အာကာသရဲ့ မှောင်မည်းမှုကို ခရီးသည်တွေအနေနဲ့ မြင်တွေ့နိုင်မယ်လို့လည်း World View က ပြောပါတယ်။ ခရီးစဉ်ဟာ ၆ နာရီကနေ ၈ နာရီအကြား ကြာမြင့်ပြီး သမိုင်းဝင်အထိမ်းအမှတ်တွေတွေအပေါ် ၅ ရက်ကြာ ပျံဝဲကြည့်ရှုဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး ပျံသန်းမှုကို ကင်ညွန်ချောက်ကြီးအနီးကနေ စတင်မှာ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းတွေ ရှိတဲ့ ဩစတြေးလျ Great Barrier Reef ၊ ဂါဇာပိရမစ်နဲ့တခြားထူးခြားတဲ့နေရာတွေကိုလည်း ကြည့်နိုင်မယ်လို့ ဆိုပါတယ်။

           မိုးပျံပူဖောင်းခရီးစဉ်တစ်ခုမှာ ခရီးသည် ၈ ဦးစီ လိုက်နိုင်ပြီး ခရီးစဉ်ဟာ ချောမွေ့ညင်သာတဲ့ ပျံသန်းမှုဖြစ်မယ်လို့လည်း ဆိုပါတယ်။ လူလိုက်ပါမယ့် ယာဉ်ခန်းဒီဇိုင်းကို တည်ဆောက်ဆဲဖြစ်ပြီး စီးပွားဖြစ် ပျံသန်းမှုအတွက် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ FAA ဆီက ထောက်ခံချက် လိုမှာပါ။ ကုမ္ပဏီအနေနဲ့ ၂၀၂၄ ဝန်းကျင်မှာ ပထမဆုံး ပျံသန်းမှု လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။


Photo: TNN


           ခရီးစဉ်ဈေးနှုန်းဟာ ပေါင် ၃၆၀၀၀ ကျော် ဖြစ်လို့ အတော်လေး များတယ်လို့ ဆိုပေမယ့် ကမ္ဘာပတ်ပျံသန်းမှုလုပ်မယ့် Blue Origin နဲ့ Virgin Galactic တို့နဲ့ စာရင် ဈေးအများကြီး သက်သာတယ်လို့ ဆိုရမှာပါ။ CEO ရိုင်ယန် ဟာ့သ်မန်းကတော့ အာကာသခရီးသွားလာမှုအကြောင်း ပြောဆိုမှုကို ပြောင်းလဲဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က