Dual Camera ၊ Flagship Chipset တို့နဲ့ ထွက်လာပါတယ်

ဒီနှစ် ဩဂုတ်လဟာ Foldable ဖုန်းသစ်တွေ အပြိုင်အဆိုင် မိတ်ဆက်ကြတဲ့ လတစ်လပါပဲ။

ဩဂုတ်လ ၁၀ ရက်နေ့မှာ Samsung က Galaxy Unpacked ပွဲအဖြစ် Foldable ဖုန်းသစ်တွေ ဖြစ်တဲ့ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 ဖုန်းမော်ဒယ်သစ်တွေ ကြေညာသွားခဲ့ပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ Xiaomi က ဒုတိယမြောက် Foldable ဖုန်းသစ် Mix Fold 2 ကို မိတ်ဆက်သွားပါတယ်။ အခု Motorola က Moto Razr 2022 ကို ကြေညာပြန်ပါတယ်။ 





Motorola ထုတ် ယောက်သွားခွံခေါက်သိမ်းနိုင်ဒီဇိုင်းသုံး Moto Razr 2022 ဟာ Display အဆင့်မြှင့်တင်မှု ၊ ကင်မရာနဲ့ Chipset ပိုင်း တိုးတက်မှုတွေကို ထုတ်ပြလာတဲ့ Foldable ဖုန်းသစ် ဖြစ်ပါတယ်။ Screen Size ၆.၇ လက်မဟာ အရင် ၂၀၂၀ မော်ဒယ် Motorola Razr 5G နဲ့ အရွယ်အစားတူပေမယ့် OLED panel သစ်ဟာ ခေါက်ပိတ်ထားချိန်မှာ ကျကျနန ကပ်သွားအောင် ပိတ်ပေးမယ့် ပတ္တာ Hinge သစ်နဲ့ လာပါတယ်။ 

အတွင်း Display ဟာ HDR10+ ပံ့ပိုးမှု ပါပြီး 144Hz Refresh Rate ပါရှိပါတယ်။ ၂၀၂၀ ထုတ် Motorola Razr 5G မှာ သုံးခဲ့တဲ့ ရုပ်ဆိုးတဲ့ notch အစား punch hole ဒီဇိုင်း စပြီး သုံးလာပါတယ်။ ဒီ punch-hole ပေါက်ထဲမှာ 32MP ရှေ့ကင်မရာ ထည့်ပေးထားပါတယ်။ ကျောဘက်မှာ အရင်လို ကင်မရာတစ်လုံးတည်း မဟုတ်တော့ဘဲ OIS ရုပ်ငြိမ်စနစ်ပါ 50MP 1/1.55" Sensor နဲ့ ၁၂၁ ဒီဂရီ မြင်ကွင်းကျယ် FOV ရိုက်ကူးနိုင်တဲ့ 13MP Ultrawide Lens ဆိုပြီး ကင်မရာနှစ်လုံး သုံးလာပါတယ်။ 

ရှေ့ကာဗာ Display ကိုတော့ ၂.၇ လက်မဆိုဒ် OLED Screen ပဲ အသုံးပြုထားပါတယ်။ အရင် ၂၀၁၉ နဲ့ ၂၀၂၀ ထုတ် Moto Razr ဖုန်းနှစ်မျိုးဟာ Snapdragon 7 Series Chipset နဲ့ မောင်းနှင်ခဲ့ရာကနေ ၂၀၂၂ မော်ဒယ်မှာ Flagship Processor ဖြစ်တဲ့ Snapdragon 8+ Gen 1 SoC နဲ့ ထွက်လာပါတယ်။ တခြား Speacs တွေအနေနဲ့ဆို RAW Shooting အထောက်အပံ့ပေးလာသလို အပြင် Cover Screen နဲ့ အလုပ်လုပ်ဖို့ Apps တချို့ Redesign ထိုင်ပေးမယ့် MyUI 4.0 Interface ၊ Dolby Atmos Support ပါ Dual Speakers တို့လည်း ပါဝင်ပါတယ်။ 



Moto Razr 2022 ကို တရုတ်ဝက်ဘ်ဆိုက်မှာ အနက်ရောင်တစ်မျိုးတည်းနဲ့ Pre-order မှာယူနိုင်ပြီ ဖြစ်ပြီး 8/128GB ဗားရှင်းကို ယွမ် ၆၀၀၀ (မြန်မာငွေသိန်း ၂၀ ဝန်းကျင်) ၊ 8/256GB ဗားရှင်းကို ယွမ် ၆၅၀၀ (မြန်မာငွေ ၂၂ သိန်း ဝန်းကျင်) နဲ့ 12/512GB ဗားရှင်းကို ယွမ် ၇၃၀၀ (မြန်မာငွေ ၂၃ သိန်းကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။ Moto Razr 2022 ဟာ ၉၉၉ ဒေါ်လာ (မြန်မာငွေ ၂၅ သိန်းကျော်) တန် Galaxy Z Flip 4 နဲ့ တိုက်ရိုက်ပြိုင်ဘက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က