under-display ကင်မရာနဲ့ dual-Screen 120Hz support ပါ Foldable ဖုန်း

Samsung ရဲ့ တရုတ်သီးသန့်မော်ဒယ် သူဌေးသုံးပရီမီယံဖုန်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

Samsung W series ဖုန်းသစ် Samsung W22 5G ဟာ ဒီနှစ်ထဲ ထွက်ထားတဲ့ Galaxy Z Fold 3 5G ကို တရုတ်ဈေးကွက်အတွက် custom version အဖြစ် ပြန်ထုတ်လိုက်တာပါ။ Samsung W22 ဟာ China Telecom နဲ့ partnership လုပ်ပြီး ထုတ်ထားတာပါ။ Galaxy Z Fold 3 5G ကို Phantom Black မှာ ရွှေပတ္တာခေါက်ဒီဇိုင်း သုံးထားပြီး ပုံပြောင်း ထုတ်လာတာ ဖြစ်သလို ကျောဘက်မှာလည်း Heart of the World ရွှေလိုဂိုပါလာပါတယ်။



Photo: GSMArena


စာနဲ့ လိုဂိုတွေကို အထဲမှာ ပုံနှိပ်ထားတာ ဖြစ်ပြီး ပရီမီယံခံစားချက်ပေးနိုင်တဲ့ တန်ဖိုးကြီးဖုန်းအဖြစ် Samsung W22 5G ကို မြင်ရမှာပါ။ အတွင်းနဲ့ အပြင် Display တွေကို Corning Gorilla Glass Victus မှန်နဲ့ ကာကွယ်ထားပါတယ်။ ဒီမှန်ဟာ Samsung W series တွေထဲမှာ အကြမ်းခံဆုံး မှန်လည်း ဖြစ်ပါတယ်။ display နှစ်မျိုးစလုံးဟာ စွမ်းအင်သုံးစွဲမှု သက်သာသာတဲ့ Eco2 OLED panel သုံးထားတာပါ။

Cover display ဟာ ၆.၂ လက်မအရွယ်အစား ရှိပြီး 2260 x 832px ရုပ်ထွက်ပါရှိပါတယ်။ pixel density ကတော့ 387ppi ဖြစ်ပါတယ်။ အတွင်းခေါက်ဖွင့် display ဟာ ကန့်လန့်ဖြတ် ၇.၆ လက်မအရွယ်အစား ရှိပြီး 2208 x 1768px (374ppi) ရုပ်ထွက်နဲ့ လာပါတယ်။ အတွင်းအပြင် Screen နှစ်ခုစလုံး 120Hz Refresh Rate ပါလာတာက Samsung W series တွေရဲ့ upgrade တစ်ခုပါပဲ။ Samsung W22 5G ဟာ မှန်ပြင်အောက် ကင်မရာနည်းပညာပါတဲ့ ပထမဆုံး W series စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ 

under-screen ကင်မရာဟာ 4MP sensor ဖြစ်ပြီး HD selfie ရိုက်နိုင်မှာပါ။ ကျောဘက်မှာ 12MP wide-angle ပင်မကင်မရာ ၊ 12MP tele lens နဲ့ 12MP ultra-wide ကင်မရာတို့ ပါရှိပါတယ်။ ဖုန်းကိုယ်ထည် case ဒီဇိုင်းအချိုး customize လုပ်ထားတာက လွဲရင် Foldable ဒီဇိုင်းနဲ့ S Pen stylus ပါတာတွေက အရင်နှစ်က ထွက်ခဲ့တဲ့ Samsung W21 5G နဲ့ အတူတူပါပဲ။ Samsung W21 5G မှာ Snapdragon 865+ SoC သုံးခဲ့ရာကနေ ဒီနှစ် Samsung W22 5G မှာတော့ Qualcomm Snapdragon 888 SoC နဲ့ လာပါတယ်။


Photo:Gizmochina

Samsung W22 5G ဟာ 25W fast Charing ၊ 10W wireless charging နဲ့ 4.5W reverse wireless charging တွေ ပါတဲ့ 4400mAh ဘက်ထရီ သုံးထားပြီး W series တွေမှာ ပထမဆုံးအဖြစ် IPX8 water resistance ပါလာပါတယ်။ နောက်ထူးခြားချက်တစ်ခုက အရင် Samsung W21 5G ထက် ယွမ် ၃၀၀၀ (မြန်မာငွေ ၁၀ သိန်းနီးပါး) ဈေးသက်သာလာတာပါပဲ။ Samsung W22 5G ကို RAM16GB/512GB storage တစ်မျိုးတည်းနဲ့ ထွက်ထားပြီး ယွမ် ၁၇၀၀၀ (မြန်မာငွေ သိန်း ၅၀ ကျော်ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က