Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင် က ရရှိခဲ့ပါတယ်။ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ ချမ်းမြေ့မောင်ချိုက လာရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။
Photo: Myanmar Idol Season 3 Page
သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၀ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ Myanmar idol စာနယ်ဇင်းရှင်းလင်းပွဲ မှာလည်း ချမ်းမြေ့မောင်ချိုသာ လာရောက်ယှဉ်ပြိုင်ခြင်းမရှိပါက ဖြိုးမြတ်အောင်ကို Winner ပေးဖြစ် မယ်ဆိုတာကိုလည်း Myanmar idol ရဲ့တာဝန်ရှိသူ တစ်ဦးက စာနယ်ဇင်းတွေကို ပြောပြခဲ့ဖူးပါတယ်။
Photo: Myanmar Idol Season 3 Page
တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်အားပေးမှု အပြင်းထန်ဆုံး ပြိုင်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ ပြိုင်ပွဲဝင် နှစ်ယောက်စလုံးကိုလည်း အားပေးကြတဲ့ ပရိသတ်များစွာလည်းရှိသလို ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ကြပါတယ်။
Photo: Myanmar Idol Season 3 Page
ချမ်းမြေ့မောင်ချိုဟာ Grand Final ပွဲ မကျင်းပခင် သြဂုတ်လ ၉ ရက်နေ့ကစပြီး အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်း စတဲ့ ဝေဒနာတွေကြောင့် သုခကမ္ဘာဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့ Final ပြိုင်ပွဲ မစခင် ညနေ ၃ နာရီကလည်း Rehearsal အပြီးမှာလည်း ပြိုင်ပွဲဝင်တွေက ကျန်းမာရေး မကောင်းသေးတဲ့ ချမ်းမြေ့မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ ကြပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတစ်ယောက် နောက်ဆုံးပြိုင်ပွဲကို လာရောက်သီဆို နိုင် ခြင်းရှိမရှိကို အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခဲ့ကြ ပေမယ့် ပရိသတ်တွေ စောင့်မျှော်သလို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။
Photo: Myanmar Idol Page
အကဲဖြတ်ဒိုင်အချင်းချင်း အမြင်မတူဘူးဆိုတဲ့ မျိုးကျော့မြိုင်
ပြိုင်ပွဲဝင်နှစ်ယောက်စလုံးဟာ Grand Final ပွဲမတိုင်ခင် ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ကိုယ့်နေရပ်ကို ပြန်သွားခဲ့ကြတာဖြစ်ပြီး ပြန်ရောက်လာ ချိန် မှာတော့ ဖြိုးမြတ်အောင် ရော၊ ချမ်းမြေ့မောင်ချိုရော နေမကောင်းဖြစ်ခဲ့ကြတယ်လို့ Myanmar Idol ရဲ့ Executive Manager စိုင်းဇွမ်ဖာ့က သြဂုတ်လ ၁၀ ရက်နေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Myanmar Idol Page
Myanmar idol Season 1 ရဲ့ Winner ဆုကိုတော့ စောလားထော်ဝါးက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ Myanmar idol Season 2 ရဲ့ Winner ဆုကိုတော့ သားငယ်က ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Myanmar idol Season 3 မှာတော့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ရရှိပိုင်ဆိုင် သွားပါပြီ။ ဒီပြိုင်ပွဲမှာတော့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ် ပါဝင် ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။