ပရိသတ်တွေ ထပ်တူကျရဲ့လား။

Myanmar Idol Season 4 ရဲ့ Winner ကတော့ Esther ဖြစ်သွားခဲ့ပါပြီ။ ဒီနှစ် Winner က ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့ရဲ့လား။

ဒီဇင်ဘာ(၂၈) ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ Myanmar Idol Season 4 Final Night မှာတော့ ပြိုင်ပွဲဝင် Esther   က Winner ဆုကြီးကို ပိုင်ဆိုင်လို့ သွားခဲ့ပါပြီ။ ပြိုင်ပွဲဝင်သုံးဦးတို့ဟာ ဒီနေ့ညမှာ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ Voting စနစ်အရ Esther က အားသာခဲ့ပါတယ်။

“အရမ်းကို ဝမ်းသာပါတယ်။ ချစ်ပေးတဲ့ ပရိသတ်တွေက ဒီနေရာထိရောက်အောင်ခေါ်ဆောင်ပေးတဲ့အတွက် သမီးရဲ့ အိပ်မက်တွေပြည့်ခဲ့ပါပြီ။ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ Winner ဆုရှင် Esther က သူမရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

ဒီနှစ် Myanmar Idol Winner ဟာ သိန်း(၅၀၀) ဆုကြေးတွေအပြင် တစ်ကိုယ်တော်တေးစီးရီး ထုတ်နိုင်မယ့်အခွင့်အရေးရခဲ့သလို အိပ်ခန်း (၂)ခန်းပါ တိုက်ခန်းတစ်ခန်းကိုလည်း ဆုကြေးအဖြစ် ရရှိခဲ့တာ ဖြစ်ပြီး Oppo ကလည်း ဆုကြေးသိန်း(၂၀၀) ထပ်မံချီးမြှင့်ခဲ့ပါသေးတယ်။

Myanmar Idol Season 4မှာတော့ Winner အဖြစ် Esther က ပိုင်ဆိုင်ပြီး ဆုငွေများ ရရှိခဲ့သလို Runner Up တို့အတွက်လည်း ဆုငွေ(၇၅)သိန်းစီ နဲ့ Sponsor ကုမ္ပဏီများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသေးတယ်။

Myanmar idol (Season 1) မှာတော့ စောလားထော်ဝါးက Winner ဆုရရှိခဲ့ပါတယ်။ Season 2 မှာတော့ သားငယ်က Winner ဆုရရှိခဲ့တာပါ။ Season 3 မှာတော့ ဖြိုးမြတ်အောင်က Winner ဆု ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ Esther က Winner ဆုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က