Season 4 မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်သွားမှာပါ။

ဦးအောင်ကိုလတ်က Myanmar Idon Season 4 မှာ ပရိသတ်အကြိုက်နဲ့ ထပ်တူလဲကျ အတော်ဆုံးအဆိုတော်တစ်ယောက်ကို ရွေးချယ်ပေးနိုင်အောင်ကြိုးစားပါမယ်တဲ့။ ဒါပေမယ့် သူကိုယ်တိုင်မြေတောင်မြှောက်ပေးခဲ့တဲ့အဆိုတော်တွေက အခုချိန်မှာ နာမည်ကျော်အဆိုတော်တွေ ဖြစ်လို့နေပါပြီ။


Photo: Aung Ko Latt



Myanmar Idol Season 4 မှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်လာမယ့် ဂီတမှူး အောင်ကိုလတ်ရဲ့ ရင်ခုန်သံစကားကို အခုလို ပြောပြလာပါတယ်။ Winner ဖြစ်လာမယ့် အဆိုတော်ကိုတော့ အမေရိကန်အိုင်ဒေါအထိ ပြိုင်စေချင်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်ကတော့ အရှေ့မှာ မြေတောင်မြှောက်ပေးခဲ့တဲ့ လူငယ်တွေကလည်းအောင်မြင်တဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ ဖြစ်နေပါပြီ။ အဲဒီကြားထဲမှာမှ ဒိုင်အဖြစ် ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော်ခေါ်ရွေးတာ မဟုတ်တဲ့ Myanmar Idol မှာ သန်းပေါင်းများစွာသော ပရိသတ်တွေ၊ နိုင်ငံတကာက ပရိသတ်တွေရဲ့ နှစ်သက်မှုနဲ့ ညီအောင် ရွေးနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ အဲဒီအချိန်မှာ မရရအောင်ရွေးမယ် အကောင်းဆုံးတစ်ယောက် ထွက်လာမယ်ဆိုရင် အမေရိကန်အိုင်ဒေါအထိ ဝင်ပြိုင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ’’ လို့ သူကဆိုပါတယ်။


ဦးအောင်ကိုလတ်ဟာ အဆိုတော်တစ်ယောက်လည်း ဖြစ်သလို၊ ဂီတလောကနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဂီတသက်တမ်း အတွေ့အကြုံတွေနဲ့ အကဲဖြတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

 ‘’ ကျွန်တော်တို့ကတော့ အရုပ်၊ အသံ နှစ်ခုစလုံးကို ထိန်းပြီးတော့ လုပ်တဲ့လူဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ကင်မရာရိုက်နေသလို၊ ကင်မရာအရှေ့မှာ လာရပ်နေသလို ၊ သီချင်းလာဆိုနေ သလိုပဲ ခံစားမိမှာ။ သူ့ရဲ့အရည်အချင်းအားလုံးကို ကျွန်တော်က ကြည့်မှာ။ ကျွန်တော်ကတော့ မျှော်လင့်တာပေါ့နော်။’’ လို့ သူကပြောပါတယ်။


Photo: Aung Ko Latt

အဲဒီနောက် Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လူငယ် ဝါသနာရှင်တွေအတွက်ကိုလည်း ဦးအောင်ကိုလတ်က အကြံပြုစကားဆိုခဲ့ပါတယ်။

‘’ တချို့ကျတော့ Performance အရမ်းကောင်းတယ်၊ ဒါပေမယ့် အသံက မထွက်လာဘူး။ တချို့ကျတော့လည်း Performance မကောင်းဘူး။ အသံကတော့ အရမ်းမိုက်တယ်။ လာပြိုင်မယ့် သူတွေအနေနဲ့လည်း ဘာမှ မပြင်ဆင်လာနဲ့ ကိုယ်ဝတ်တဲ့ ဖက်ရှင်က ကိုယ်ဆိုမယ့် သီချင်းနဲ့တော့ ကိုက်ညီရမယ်ပေါ့နော်။ ဒိုင်တွေရှိတယ် ဆိုတာကိုလည်း မေ့ထားပြီး ကိုယ်ပိုင်နှလုံးသားနဲ့ဆိုပါ’’ လို့လည်း အကြံပြုစကားဆိုခဲ့ပါတယ်။

Photo: Aung Ko Latt

အဆိုတော် အောင်ကိုလတ်ရဲ့ ဂီတသက်တမ်းက နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန်မှာလည်း ဂီတနဲ့ ပတ်သက်ပြီး အဆိုတော်အသစ်တွေကို မြေတောင်မြှောက်ပေးနေတဲ့သူတစ်ယောက်ပါ။ အဲဒီနောက် သူ့ရဲ့ သားဖြစ်သူ အဆိုတော် J-Me ကလည်း ဂီတနဲ့ ပတ်သက်ပြီး Rap လောကမှာ အောင်မြင်တဲ့သူတစ်ယောက်ပါ။ 

Share

Loading Next Article...
က္က