ပရိသတ်တွေ လုံးဝ အံ့သြမှင်သက်ခဲ့ရတဲ့ ညတစ်ညပါ။

ဒီနေ့ Result Show ညမှာတော့ ပရိသတ်တွေ လုံးဝ ထင်မထားခဲ့တဲ့ ည တစ်ညပါပဲ။ အက်စတာ ထွက်ရတော့မယ်လို့ တွေးမိထားခဲ့ကြ ပေမယ့် တန်ခွန်ကျော်နဲ့ မူးလာ တို့က နုတ်ဆက်သွားခဲ့ရတာဖြစ်ပါတယ်။ 

Myamar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ၈ ပတ်မြောက် Result Show ကိုတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညက ရွှေထွဋ်တင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ ပွဲမှာတော့ Top-4 နဲ့Wild Card winner တို့အထဲကမှ   တန်ခွန်ကျော်နဲ့ မူးလာတို့ ကတော့ နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ Final မှာတော့ Top-3 သာ ကျန်ပါတော့တယ်။ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်တာကြောင့် ဘယ်သူက Myanmar idol (Season-4) ရဲ့ Winner ဖြစ်လာမလဲ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ 



တန်ခွန်ကျော်ကတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ညက Wild Card winner ဆုရှင်အဖြစ် Myanmar idol (Season-4) ကို ပါဝင်လာခဲ့တာဖြစ်ပါတယ်။ သူကတော့ ဂီတကို ဝါသနာကြီးလွန်းသူ တစ်ယောက်ဖြစ်တာကြောင့် Myanmar idol ပြိုင်ပွဲကို နယ်အဝေးကြီးကနေ ပါဝင်ယှဉ်ပြိုင်လာခဲ့တာဖြစ်ပါတယ်။ သူကတော့ နာဂ တိုင်းရင်းသား တစ်ယောက်ပါ။ 

မူးလာကိုတော့ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ဂီတလမ်းကြောင်းအပေါ် လျှောက်လှမ်းလာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ မူးလာဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ Top-5 စာရင်းထဲကို ဝင်သွားပါပြီ။ သူ့ရဲ့ Voting နံပတ်ကတော့ 77710 ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က