လီဗာပူး ညာနောက်ခံလူ အာနိုးလ်က သူ့အနေနဲ့ ရှေ့မှာ ဆုဖလားတွေ အများကြီး ဆွတ်ခူးခဲ့ပြီးတာတောင်မှ နောက်ထပ်ဆုဖလားတွေကို ဆွတ်ခူးဖို့ လောဘတက်နေတုန်းပဲလို့ ပြောကြားလိုက်ပါတယ်။ အာနိုးလ်ဟာ ဒီကနေ့ည ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အဓိက,ကစားသမားအဖြစ် ပါဝင်ကစားမှာပါ။
ဒီပွဲဟာ လီဗာပူးအတွက် (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတရပ်လည်းဖြစ်ပါတယ်။ အာနိုးလ်ဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် ဆုဖလားအစုံအလင် ရရှိခဲ့ပြီးဖြစ်ပေမယ့် ဒီကနေ့ည ချန်ပီယံလိဂ်ဖလားကိုလည်း ရယူဖို့ ဆာလောင်နေဆဲဖြစ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
အာနိုးလ်က “ဒါပေါ့ဗျာ။ ကျနော်အခုချိန်ထိ အရမ်းကြီး လောဘကြီးနေတုန်းပဲဗျာ။ ချန်ပီယံလိဂ်ဖလားကို ထပ်မံ ဆွတ်ခူးဖို့အတွက်လည်း ကျနော် တကယ်ကို ဆာလောင်နေဆဲပါ။ ကျနော့်ဘဝမှာ မရဖူးတဲ့ ဆုဖလား၊ အောင်ပွဲမခံဖူးတဲ့ ပြိုင်ပွဲ၊ မချိုးဖူးတဲ့ စံချိန်ဆိုတာ မရှိတော့ပါဘူး။ ဒါတွေအတွက် ကျနော် စိတ်ကျေနပ်ပါတယ်”
“ဒါပေမယ့် ကျနော့်ရဲ့ အခုဆာလောင်မှုကို ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိမယ်လို့လည်း ကျနော် မထင်ပါဘူး။ ပိုမိုကောင်းမွန်လာဖို့၊ ပိုမိုတိုးတက်လာဖို့ဆိုတဲ့အရာတွေက ကျနော့်ကို ဘယ်တော့မှ မချန်ထားခဲ့ပါဘူး။ ဒါကပဲ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာပါ”
“ကျနော် နောက်ထပ် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ဆဲပါ။ စံချိန်တွေလည်း အများကြီး ထပ်မံချိုးဖြတ်နိုင်ဆဲပါ။ တဦးချင်းအလိုက်၊ အသင်းလိုက် နောက်ထပ် ဆုတံဆိပ်တွေ၊ ဆုဖလားတွေကို ကျနော် ဆွတ်ခူးနိုင်ပါသေးတယ်။ ဒီတော့ ခင်ဗျားတို့ ကျနော့်ကို ဒီနေရာမှာ ရပ်တန့်နိုင်မှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။