သူတို့ဆက်ဆံရေးပြတ်တောက်သွားပြီလို့ ကြေညာခဲ့ပါတယ်။

နေမာနဲ့ သူ့ရဲ့ချစ်သူ ဘရူနာဘီယန်ကာဒီတို့ဟာ တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့လကမှ ပထမဆုံးကလေးငယ်ကို ရရှိခဲ့တာဖြစ်ပြီး ၁လအကြာမှာပဲ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားက သူတို့ကလေးငယ်ကို အောက်တိုဘာလ ၇ ရက်နေ့က မွေးဖွားခဲ့တယ်လို့ လူသိရှင်ကြား ကြေညာခဲ့တာပါ။ 

အခုလို လမ်းခွဲရတဲ့အကြောင်းရင်းကတော့ နေမာဘက်က သစ္စာဖောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး အတူတူမရှိခဲ့တာက ရက်သတ္တပတ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး လမ်းခွဲခဲ့တဲ့သတင်းကိုတော့ ဘရူနာက သူမရဲ့ အင်စတာဂရမ်စတိုရီကနေ အတည်ပြုခဲ့တာပါ။ 

"ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ၊ ဒါပေမယ့် သတင်းတွေ၊ သံသယတွေ၊ ဟာသတွေနဲ့ မကြာခဏဖြစ်ပျက်နေလို့ ကျမတို့ ဆက်ဆံရေးက အဆင်မပြေဘူးဆိုတာ အသိပေးချင်ပါတယ်" လို့ သူမက ရေးသားခဲ့ပါတယ်။ 

နေမာဟာ သူမ မီးဖွားခဲ့ပြီးနောက် စပိန်က နိုက်ကလပ်တခုမှာ အခြားသော အမျိုးသမီးနှစ်ဦးနဲ့အတူ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ သူဟာ အခြားသော အမျိုးသမီးတဦးနဲ့လည်း အိပ်စက်ခဲ့တယ်လို့ သိရပြီး ဒီဆက်ဆံရေးအတွက် စာချုပ်ရှိခဲ့ကာ ကွန်ဒုံးအသုံးပြုဖို့၊ ဒီဆက်ဆံရေးကို လျှို့ဝှက်ထားဖို့ သဘောတူညီမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် OnlyFans မော်ဒယ်လ်တဦးဖြစ်တဲ့ Aline Farias ဆီကနေလည်း ညစ်ညမ်းပုံတွေ တောင်းဆိုခဲ့တယ်လို့ သိရပြီး နေမာနဲ့ ပြောဆိုခဲ့တာတွေကို မော်ဒယ်ဖြစ်သူက ScreenShot တွေနဲပ ထုတ်ဖော်ပြသခဲ့ပါတယ်။ နေမာတယောက် မြာပွေလွန်းအားကြီးတာကြောင့် ဘရူနာဘက်က လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး အနားယူရချိန်မှာတောင်မှ အခုလိုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က