ပင်နယ်တီမရသင့်ဘဲ ရခဲ့တာလို့ သူက ပြောလိုက်တာပါ။

ဟယ်ရီကိန်းနဲ့ ပင်နယ်တီလွဲချော်ခဲ့မှုက မျှတတယ်လို့ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့က ပြောဆိုလိုက်ပါတယ်။ အဆိုပါ ပင်နယ်တီက မပ​ေးသင့်ဘူးလို့ ရာဘီယော့က ယုံကြည်နေတာဖြစ်ပြီး မေဆန်မောင့်ကို သီယိုဟာနန်ဒက်ဇ်ရဲ့ တွန်းတိုက်မှုက ပြစ်ဒဏ်ကျူးလွန်တာမဟုတ်ဘူးလို့ သူက အခိုင်အမာယူဆထားပြီး မရသင့်တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် မျှတတယ်လို့ ပြောဆိုလိုက်တာပါ။ 

ပြင်သစ်ဟာ အင်္ဂလန်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ပထမချေပဂိုးကိုလည်း ပင်နယ်တီကနေ ပ​ေးလိုက်တာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၈၀ မှာလည်း အင်္ဂလန်တို့ ပင်နယ်တီထပ်ရခဲ့ပြီး ကိန်း ကန်သွင်းရာမှာတော့ မိုးပေါ်ထောင်တက်သွားခဲ့ပြီး အင်္ဂလန်တို့ နောက်ထပ်ချေပဂိုးရမယ့် အခွင့်အရေးလွဲချော်ခဲ့သလို အရေးနိမ့်သွားခဲ့ပြီး ပြင်သစ်ကတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ 

"အရင်ဆုံးပြောရမယ်ဆိုရင်တော့ အဲဒါက ပြစ်ဒဏ်ဘောဆိုတာ ကျနော်ကတော့ မသေချာဘူး၊ ဒီလိုအနေအထားကနေ ပင်နယ်တီမပေးခဲ့တဲ့ ဖြစ်ရပ်​ပေါင်း ရာနဲ့ချီပြီးတော့ကို ကျနော်တို့ တွေ့ခဲ့ဖူးပါတယ်၊ ဟယ်ရီကိန်း ပင်နယ်တီလွဲချော်သွားချိန်မှာ ကျနော်တို့ အရမ်းပျော်ရွှင်ခဲ့ရပါတယ်၊ ဒါက ပြစ်ဒဏ်ဘောမဟုတ်ခဲ့ဘူးဆိုတော့ သူ လွဲချော်ခဲ့တာ တရားမျှတမှုရှိပါတယ်" လို့ ရာဘီယော့က ပွဲပြီးအင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

အဆိုပါဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်လူကြီး ဆမ်ပါရီအိုကလည်း ပင်နယ်တီမသတ်မှတ်ပေးဘဲ ပွဲကို ဆက်လက်ကစားဖို့ လက်ဝှေ့ယမ်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း VAR က အကြောင်းကြားလာချိန်မှာ သူက ပြန်လည်ကြည့်ရှုပြီး ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ ရာဘီယော့ကတော့ ပြင်သစ်ဟာ ကံနည်းနည်းကောင်းခဲ့တယ်လို့လည်း ထပ်မံပြောဆိုခဲ့ပါတယ်။

"တခါတလေမှာ ကံကောင်းဖို့လည်း လိုတယ်ဗျ၊ ဒီနေ့ညမှာ ကျနော်တို့ ကံနည်းနည်းကောင်းခဲ့တယ်၊ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့လို့လည်း ဂုဏ်ယူမိပါတယ်" လို့ သူက ပြောခဲ့ပါတယ်။ ပြင်သစ်ဟာ ဆီမီးဖိုင်နယ်မှာတော့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ပေါ်တူဂီတို့လိုအသင်းတွေတောင်မှ ဂိုးမသွင်းနိုင်တဲ့ မော်ရိုကိုကို ဘယ်လိုရင်ဆိုင်မလဲ စိတ်ဝင်စားဖို့ကောင်းနေပါ​ပြီ။ 


Share

Loading Next Article...
က္က