ဂျပန်နဲ့ပွဲကထက် ဂိုးတွေပိုပေးခဲ့ရပါတယ်။

ဂျပန်ကို အဝေးကွင်းမှာ ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ မြောက်ကိုရီးယားကိုတော့ အိမ်ကွင်းမှာ အဲဒီထက် ဂိုးပိုပေးခဲ့ရပြီး အရေးနိမ့်သွားခဲ့ပါတယ်။ မြန်မာအသင်းဟာ တိုက်စစ်ပိုင်းမှာ အောင်သူ၊ မောင်မောင်လွင်၊ ဆောင်လမန်တို့ကို တင်ကစားခဲ့ပြီး အားထားရတဲ့ ကစားသမားအားလုံးကို ထည့်သွင်းကစားခဲ့တာပါ။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး ကစားကွက်အားနည်းနေပြီး ထိန်းကစားနေလို့ ဂိုးတွေမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် မိနစ် ၃၀ မှာ မြောက်ကိုရီးယားက မြန်မာခံစစ်အမှားကနေ ဂိုးသွင်းပြီးနောက်မှာ ဂိုးတွေဆက်တိုက်မြင်ခဲ့ရပါတော့တယ်။ မြောက်ကိုရီးယားက ၈ မိနစ်အတွင်း ၃ ဂိုးအထိ သွင်းယူကာ ပထမပိုင်းကို အဆိုပါရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ 

မြန်မာကတော့ ခံစစ်လုံးလုံးစြဖ်သွားပြီး ဘာမှကို ပြန်မလုပ်နိုင်ခဲ့ပါဘူး။ မြောက်ကိုရီးယားက ဒုတိယပိုင်းမှာလည်း ဂိုးတွေဆက်သွင်းခဲ့ပြီး ll-Gwan Jong က ဟက်ထရစ်ပါ ရသွားခဲ့ပါတယ်။ ဂျူဗီမှာ ခဏကစားခဲ့ဖူးတဲ့ ဟန်ကွမ်ဆန်ကလည်း တဂိုးသွင်းယူခဲ့ပြီး မြန်မာကတော့ ၇၇ မိနစ်မှာ ဝင်းနိုင်ထွန်းသွင်းခဲ့တဲ့ တဂိုးပြန်ရခဲ့ပါတယ်။ 


ဒီပွဲကိုလည်း ဂိုးပြတ်ရှုံးနိမ့ခဲ့လို့ မြန်မာအသင်းဟာ နောက်တဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ ပြိုင်ဘက်တွေနဲ့ ခြေစွမ်းပိုင်းအရမ်းကွာဟလွန်းပြီး မြောက်ကိုရီးယားကို သရေလောက်ကစားနိုင်မယ်လို့ ထင်မှတ်ခဲ့မှုတွေကလည်း မှားယွင်းခဲ့ကာ ဂျပန်ပွဲကထက်တောင်မှ ပေးဂိုးပိုများခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က