ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို အနိုင်ရရှိနိုင်တဲ့အသင်း ၂ သင်းသာ ရှိတယ်လို့ ယုံကြည်နေပါတယ်။

အန်တိုနီယို ကွန်တီက မြောက်လန်ဒန်ဒါဘီမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို အနိုင်ရရှိနိုင်တဲ့အသင်း ၂ သင်းသာ ရှိတယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအမှတ်ပေးဖလားကို အနိုင်ရရှိတော့မယ့်ပုံပေါ်နေပြီဖြစ်ပြီး ယခုရာသီမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်ပါတယ်။

ကွန်တီက အာဆင်နယ်ဟာ ယခုရာသီမှာ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်ဖို့အတွက် ရှိရမယ့်အရာတွေ ရှိနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "အာဆင်နယ်က သူတို့တွေက တကယ်ကောင်းမွန်တဲ့အသင်းဆိုတာကို ပြသခဲ့ပြီး ဒီနေ့ သူတို့ရဲ့ ရင်ဆိုင်ကစားရတာက မလွယ်ကူခဲ့ဘူးဆိုတာကို ကျွန်တော် သေချာခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီလို ပတ်ဝန်းကျင်မျိုးမှာပါ။ သူတို့မှာ အရမ်းကောင်းတဲ့ ဟန်ချက်ညီမှုနဲ့ မှန်ကန်တဲ့အခိုက်အတန့်တွေမှာ ထိုးနှက်နိုင်စွမ်းရှိတယ်။ ဒုတိယပိုင်းမှာ သူတို့တွေ အများကြီးခံစားခဲ့ရပြီး သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့တယ်။ အသင်းတစ်သင်းက ဒီဟာကို လုပ်နိုင်တဲ့အခါမှာ သူတို့တွေက ဆုဖလားအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲဆိုတဲ့အဓိပ္ပာယ်ပါ"


"မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်ကြမယ့် ၂ သင်းတည်းသော အသင်းတွေလို့ ကျွန်တော် ထင်တယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က