နေရာမှန်ကို ပေါ်တူဂီက ရောက်သွားပြီလို့ ရေးသားပြောဆိုခဲ့တာပါ။

ပေါ်တူဂီကတော့ မြောက်မက်ဆီဒိုးနီးယားကို ၂-၀ နဲ့ အနိုင်ရရှိပြီး ကာတာကမ္ဘာ့ဖလားကို ဝင်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အီတလီကို ဖြုတ်ချလာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားကြောင့် ပေါ်တူဂီအတွက် စိုးရိမ်စရာတွေရှိခဲ့တာမှန်ပေမယ့်လည်း လိုအပ်တဲ့ရလဒ်ကို အရယူနိုင်ခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။ 

ဒီနိုင်ပွဲအပြီးမှာတော့ အသင်းခေါင်းဆောင်တိုက်စစ်မှူးရော်နယ်ဒိုက သူတို့အသင်းဟာ နေရာမှာကို ရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ ဗွေဆော်ဦးဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ သူ့ကို စိန်ခေါ်စကားဆိုထားတဲ့ မြောက်မက်ဆီဒိုးနီးယားသမ္မတကို လှလှပပတုံ့ပြန်နိုင်ခဲ့ပါတယ်။ 

"ပန်းတိုင်ရောက်ပြီ၊ ကျနော်တို့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိပါမယ်၊ ကျနော်တို့ရဲ့ မှန်ကန်တဲ့နေရာမှာ ရှိနေပါပြီ၊ မပျင်းမရိနဲ့ ပံ့ပိုးအားပေးခဲ့ကြတဲ့ ပေါ်တူဂီသားအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရော်နယ်ဒိုက ရေးသားပြောဆိုခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုအတွက် နောက်ဆုံးသောပြိုင်ပွဲကြီးလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။ 

ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီးကတည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လုံး၀လွဲချော်ထားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အခုအခါမှာလည်း သူ့အတွက် ၅ ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲနိုင်မှာဖြစ်ကာ ဆုဖလားရယူနိုင်ဖို့အတွက် အားထုတ်ရမှာလည်းဖြစ်ပါတယ်။ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားကို သူ ဆွတ်ခူးထားခဲ့ပေမယ့် ကမ္ဘာ့ဖလားရယူထားနိုင်ခြင်းမရှိလို့ လာမယ့်ပြိုင်ပွဲက နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်ပါတယ်။ 

Share

က္က