ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ တန်ဟက်ရဲ့အသင်းက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ကြပြီး ၂၅ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုနေတဆင့် ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကနေ ရုန်းထွက်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းက ချေပဂိုး ပြန်လည်သွင်းယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ၁-၀ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄ မိနစ်အကြာမှာ လီဆန်ဒရို မာတီနက်ဇ် အပိုင်ဂိုးသွင်းခွင့်ရရှိခဲ့ပေမယ့်လည်း လုခ် ရှောရဲ့ဖြတ်တင်မှုကို ခေါင်းတိုက်ချက်ဟာ ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ၅၆ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကပဲ ဖရက်ဒ်ဆီကနေ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ ကက်စတာညဲဆီကနေ ပြေးထွက်ပြီး အဆုံးသတ်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာ ဂါနာချိုရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဂျေဒန် ဆန်ချိုက အီယန်နာချိုရဲ့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးမှုကနေတဆင့် ဆန်ချိုက ဖာနန်ဒက်စ်နဲ့ ဝမ်းတူးရိုက်ပြီးနောက် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို ချေပဂိုး သွင်းယူဖို့အတွက် ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန်ပြီးဆုံးခါနီးမှာ ဗက်ဟော့စ်ရဲ့ အပိုင်အခွင့်အရေးလွဲချော်မှုကြောင့်သာ မန်ယူနိုက်တက်တို့ နောက်ထပ်ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က