ဆိုင်ဖွင့်တာတစ်နှစ်ပဲရှိသေးပေမယ့် မြေနီကုန်းရဲ့နာမည်ကြီးစားစရာတစ်ခုဖြစ်လာတဲ့ ဒေါနပေါင်မုန့် ကြော်ဆိုင်လေးပါ။

ပေါင်မုန့်ကြော်ကိုအလယ်ကခွဲပြီး ထောပတ်ယိုသုပ်သကြားဖြုးထားတဲ့ ဒေါနပေါင်မုန့်ရဲ့အရသာကိုတော့ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ဒီလိုမမေ့နိုင်စရာငယ်ဘဝအရသာကို ပြန်လည်ခံစားမိစေမယ့် ဒေါနပေါင်မုန့်ကြော်ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။





မြေနီကုန်းရောက်တဲ့အခါစားစရာ


ဆိုင်ဖွင့်တာတစ်နှစ်ပဲရှိသေးပေမယ့် မြေနီကုန်းရဲ့နာမည်ကြီးစားစရာတစ်ခုဖြစ်လာတဲ့ ဒေါနပေါင်မုန့် ကြော်ဆိုင်လေးပါ။ဒီဆိုင်က ဒေါနပေါင်မုန်ကတော့အရသာကောင်းပြီးစျေးတန်လို့မြေနီကုန်းရောက်တဲ့အခါ ကိုယ်တိုင်လည်းစားကြသလို အိမ်အတွက်လည်းပါဆယ်ဝယ်သွားကြတဲ့အထိ စားသုံးသူတွေကကြိုက်နှစ် သက်ကြပါတယ်။

“ဒီနားကဘဏ်ဝန်ထမ်းတွေ၊ရုံးဝန်ထမ်းတွေဆို ကျွန်တော့်ဆိုင်ကဒေါနပေါင်မုန့်နေ့တိုင်းစားကြတယ်။ ရုံးပြန်တဲ့အခါလည်း သူတို့အိမ်တွေအတွက်ဝယ်သွားကြတယ်။တချို့ မြေနီကုန်းထိလာပြီးတကူးတကအား ပေးတဲ့သူတွေလည်းရှိပါတယ်”လို့ ဒေါနပေါင်မုန့်ဆိုင်ရှင် ကိုကျော်ကပြောပါတယ်။


တစ်ရက်အလုံးထောင်ချီရောင်းရ


အခုဆိုရင်တော့ ဒီဆိုင်လေးရဲ့ရောင်းအားကတစ်ရက်ကို ပေါင်မုန့်အလုံးရေ၇၀၀ကျော်လောက်ပုံမှန်ကုန်ပြီး ပိတ်ရက်တွေဆိုရင်တော့ အလုံးတစ်ထောင်ကျော်လောက်အထိကိုရောင်းအားကောင်းပါတယ်။ ဒီလိုရောင်း ကောင်းတဲ့အကြောင်းကတော့လတ်လတ်ဆတ်ဆတ်ချက်ခြင်းကြော်ထားတဲ့ ပေါင်မုန့် ပူပူနွေးနွေးလေးရဲ့ အရသာကြောင့်လို့ဆိုနိုင်ပါတယ်။

“အပွခံထားတဲ့ဂျုံသားအိအိလေးကိုဆီထဲမှာချက်ခြင်းထည့်ကြော်တော့ ပေါင်မုန့်ရဲ့အရသာလက်ဆက်ပြီး ပူပူနွေးနွေးလေးမှာယိုသုပ်လိုက်တော့ပိုစားကောင်းသွားတယ်။ပြီးတော့ ပေါင်မုန့်ကရက်ကျန်လည်းမရှိဘူး ”နေ့တိုင်းလက်လက်ဆက်ဆက်ပဲကြာ်ရောင်းတာ။ပေါင်မုန့်ကပိတ်ရက်ဆို တစ်နေ့ထဲအလုံးထောင်ချီကုန် အောင်ရောင်းရပါတယ်။လို့ ကိုကျော်ကဆိုင်ရဲ့ရောင်းအားကိုပြောပြပါတယ်။



မုန့်လုပ်သက်တမ်းနှစ်၂၀


ဒေါနပေါင်မုန့်ဆိုင်ရှင်ဖြစ်တဲ့ကိုကျော်ကအသက်၂၅နှစ်တည်းက မုန့်ပညာကိုသင်ယူခဲ့သူဖြစ်ပါတယ်။သူရဲ့မုန့်လုပ်တဲ့ သက်တမ်းက နှစ်၂၀နီးပါးရှိပြီဖြစ်ပြီး မုန့်အစုံလုပ်တတ်တဲ့ထဲကမှဒေါနပေါင်မုန့်ကိုရွေးချယ်ဖြစ်တာကတော့ အရသာရှိတဲ့ပေါင်မုန့်ကိုစျေးသက်သက်သာသာနဲ့ရောင်းပေးချင်တာကြောင့်လို့သူကပြောပါတယ်။

“မုန့်ကအစုံလုပ်တက်တယ်။အသက်အစိတ်လောက်တည်းက ဒီမုန့်အလုပ်ကိုလုပ်လာတော့ မုန့်တစ်ခုကို ဘယ်လိုအရသာရှိအောင်လုပ်ရမလဲသိတယ်။မုန့်အစုံလုပ်တက်တဲ့ထဲကမှ ဒေါနပေါင်မုန့်ကိုရွေးလုပ်ဖြစ် သွားတာကတော့ အရသာရှိတဲ့ပေါင်မုန့်ကို စျေးတန်တန်လေးနဲ့ရောင်းပေးချင်လို့ပါ” လို့ ကိုကျော်ကပြောပြပါတယ်။


ကိုကျော်လက်ရာဒေါနပေါင်မုန့်က


ဒေါနပေါင်မုန့်ရဲ့ မူကလအရသာကတော့ ပေါင်မုန့်ကြော်ကိုအလည်ကခွဲကာထောပတ်ယိုသုပ်၊သကြားဖြူးပြီး စားရတာပါ။ဒါပေမယ့်ဒီဆိုင်လေးမှာတော့ထောပတ်ယိုသုပ်အရသာအပြင်ယို၁၀မျိုးလောက်ရပါတယ်။ ဒီယိုတွေကိုလည်းကိုယ်တိုင်ထိုးထားတာဖြစ်ပြီး စတော်ဘယ်ရီ၊နဂါးမောက်သီးတို့လို ရာသီပေါ်အသီးတွေနဲ့ ထိုးထားတဲ့ ယိုတွေလည်းရှိပါတယ်။

“ယိုတွေအကုန်လုံးကလည်း ကိုယ်တိုင်ထိုးတယ်။၊အသီးနဲ့ပတ်သပ်တဲ့ယိုတွေဆိုလည်း အသီးအစစ်ကိုပဲသုံး ပြီးထိုးတာပါ။ဒေါနပေါင်မုန့်ရဲ့မူလအရသာ ထောပတ်သကြားဖြူးအပြင်၊အုန်းသကြားနဲ့ရမယ်၊ အသီးယိုတွေနဲ့ရမယ် ဒူးရင်းသီးပေါရင်ဒူးရင်းယိုလည်းထည့်မှာပါ။”လို့ ကိုကျော်ကပြောပါတယ်။



ဒေါနပေါင်မုန့်ရဲ့စျေးနှုန်းက


လတ်လတ်ဆတ်ဆတ်ကြော်ထားတဲ့ဒေါနပေါင်မုန့်ကို နှစ်သက်ရာယိုနဲ့စားသုံးနိုင်ပြီး စျေးနှုန်းကတစ်လုံး၅၀၀ကျပ်ဖြစ်ပါတယ်။ ဒေါနပေါင်မုန့်ဆိုင်ရဲ့လိပ်စာကတော့ မြေနီကုန်းရွှေမန်းကားမှတ်တိုင်အနီး ကားလမ်းမဘေးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်က မနက်၁၀နာရီခွဲကနေ ညနေ၆နာရီဖြစ်ပြီး ဆိုင်ဖုန်းနံပါတ်က09427407778ဖြစ်ပါတယ်။ ဒေါနပေါင်မုန့်စားရင်းချစ်ခင်ရသူတွေကို သတိရစေမယ့် ဆိုင်ကောင်းလေးမို့ညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က