အခုတော့ ဒီလူဟာ ယူရို ၁ သိန်းနီးပါး ရဖို့ရှိနေပါပြီ။

အူဒီးနီးကွင်းမှာ နာပိုလီတို့ သရေကစားပြီး စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက်မှာ ပရိသတ်တွေက ကွင်းမြက်ခင်းပြင်ကို တူးဆွကာ အိတ်ထဲထည့်ယူဆောင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်က ပရိသတ်တွေကြားထဲမှာလည်း ထင်ရှားခဲ့ပြီး နာပိုလီပရိသတ်တွေရဲ့ လုပ်ပုံက အားလုံးကို သဘောကျစေခဲ့ကာ ကစားသမားတွေဆီက ဂျာစီမရမယ့်အတူတူ ရတာကို အမှတ်တရအဖြစ် ယူခဲ့ကြတယ်လို့ ထင်မှတ်ခဲ့ရပါတယ်။ 

အခုအခါမှာတော့ အကြံကြီးလှတဲ့ အဆိုပါပရိသတ်ရဲ့ လုပ်ရပ်ကို တွေ့ခဲ့ရပါပြီ။ အဲဒါကတော့ အဆိုပါ မြက်ခင်းပြင်ကို တူးဆွပြီး ထုတ်ယူခဲ့တဲ့ မြက်ခင်းအပိုင်းအစကို Ebay ကတဆင့် လေလံတင်ကာ ရောင်းချနေတာပဲဖြစ်ပါတယ်။ နာပိုလီတို့ နှစ်ပေါင်း ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ ကွင်းအတွင်းက မြက်ခင်းပြင်ဆိုပြီးတော့ ရောင်းချနေတာပါ။ 

အဆိုပါ မြက်ခင်းကို ကြမ်းခင်း​စျေး ယူရို ၁ သောင်းနဲ့ ဖွင့်လှစ်ဲ့ပြီး အခုအခါမှာတော့ ယူရို ၇ သောင်းအထိ တန်ဖိုးမြင့်တက်နေပြီဖြစ်ပါတယ်။ ပရိသတ်အများအပြားဟာ ကစားသမားတွေဆီက ဂျာစီ၊ ဘောင်းဘီ၊ လက်ပတ်အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုသာ အလုအယက်တောင်းဆိုနေပေမယ့် ဒီပရိသတ်ကတော့ မြက်ခင်းပြင်ကို တူးဆွပြီး ယူခဲ့တာ ဒါကြောင့်လို့ အခုမှ အားလုံးသဘောပေါက်ခဲ့ရပါတယ်။ 

ယူရို ၁ သိန်းနားအထိ စျေးနှုန်းမြင့်တက်လာမယ်လို့လည်း ယူဆရပြီး တချီတည်းနဲ့ အပီကြံခဲ့တာလို့တောင် ထင်မှတ်ရပါတယ်။ နာပိုလီရဲ့ သမိုင်းဝင်အောင်​ြမြေဖြစ်ခဲ့တဲ့ အူဒီးနီးကွင်းအတွင်း တနေရာက မြက်ခင်းရဲ့ တန်ဖိုးက ထင်မှတ်မထားအောင် တန်ဖိုးရှိလာခဲ့ပြီး ဘယ်စျေးနဲ့ ရောင်းချနိုင်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က