မယ်လိုဒီရဲ့ ကျေးဇူးတွေကို မမေ့သေးတဲ့အကြောင်း အားတီက ပြောလာပါတယ်။ မယ်လိုဒီဟာ သရုပ်ဆောင်ဘက်မှာ အောင်မြင်သူတစ်ယောက်ဖြစ်သလို အားတီကလည်း ဂီတလောကမှာ အောင်မြင်သူတစ်ယောက်ပါ။
Photo: Melody
အားတီက သရုပ်ဆောင်မယ်လိုဒီဟာ သူ့အတွက်တော့ ကျေးဇူးရှင်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း အမြဲတမ်း အားပေးသူ တစ်ယောက်ပါလို့ သူကပြောပါတယ်။
‘’ချစ်သော မေမေမျိုး။၂၀၁၀ အနုပညာလောကထဲစဝင်တော့ AR-T ကို မျက်နှာမငယ်ရအောင် အလုပ်တွေပေး သီချင်းတွေအားပေးခဲ့တဲ့ သူတွေထဲက တစ်ယောက် !! အစ်မမျိုး။ အစ်မ ကျေးဇူးတွေမမေ့ဘူး’’ ဆိုပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့ ည ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မယ်လိုဒီ နဲ့ အမှတ်တရ ဓာတ်ပုံလေး တစ်ပုံကိုလည်း တင်ခဲ့ပါတယ်။
Photo: Melody
အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
Photo: Melody
မယ်လိုဒီက အခုဆိုရင် အသက် ၃၆ နှစ်ကျော်လို့ ၃၇ နှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။