အာဆင်နယ်ကတော့ ခြေစမ်းပွဲတွေမှာ တော်တော်လေးဟုတ်နေပါတယ်။

မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစမ်းပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဂါဘရီရယ်ဂျီးဆပ်ဟာ ဒီမနက်ပိုင်းမှာ ကစားနေတဲ့ ချယ်လ်ဆီးနဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ လန်ဒန်ဒါဘီခြေစမ်းပွဲမှာ ဂျီးဆပ်က ချယ်လ်ဆီးဂိုးသမားမန်ဒီနဲ့ တဦးချင်းတွေ့တဲ့အနေအထားမှာ လှလှပပလေး ကျော်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ (ဒီစာရေးနေချိန်မှာ အာဆင်နယ်က ၃-၀ နဲ့ ပွဲကိုဦးဆောင်နေပါတယ်)

အာဆင်နယ်ကိုရောက်လာပြီးကတည်းက ဆက်တိုက်ဆိုသလို ဂိုးတွေသွင်းနေခဲ့တဲ့ ဂျီးဆပ်အတွက် ၄ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်က ပေါင် ၄၅ သန်းအထိ ပေးချေကာ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ဂျီးဆပ်က ပြသနေကာ အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားအဖြစ် အချိန်တိုအတွင်းမှာ ဖြစ်လာခဲ့ပါတယ်။ 

ဘရာဇီးလ်တိုက်စစ်မှူးဟာ အာဆင်နယ်မှာ အထောင်တိုက်စစ်မှူးအဖြစ်ကစားနေရတာဖြစ်ပြီး အဆိုပါနေရာက သူ့ရဲ့ကစားသမားဘ၀မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ အာဆင်နယ်နည်းပြအာတီတာကလည်း ဂျီးဆပ်ကို အထောင်တိုက်စစ်မှူးနေရာမှာပဲ ထားရှိအသုံးပြုနေပြီး သူတို့ရဲ့ ပေါင်းစပ်မှုက တော်တော်လေးအလုပ်ဖြစ်နေကာ အာဆင်နယ်ပရိသတ်တွေအတွက်လည်း မျှော်လင့်ချင်စရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 

ဂျီးဆပ်နဲ့အတူ လူငယ်ကြယ်ပွင့် ဆာကာကလည်း ပုံမှန်ခြေစွမ်းပြနေပြီး ခြေစမ်းပွဲတွေမှာ သူလည်း ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဆာကာဂိုးသွင်းနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ လူငယ်ကစားသမားတွေနဲ့ နုပျိုနေတဲ့ တိုက်စစ်ပိုင်းကတော့ ကျေနပ်အားရစရာကောင်းနေကာ လာမယ့်ရာသီသစ်မှာ ဘယ်လောက်ထိလုပ်ပြနိုင်မလဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ ခြေစမ်းပွဲတွေမှာ ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ကွင်းပိတ်ကစားခဲ့တဲ့ ပွဲတပွဲပါ ထည့်သွင်းမယ်ဆိုရင်တော့ ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ နှစ်စဉ်ကျင်းပနေကျ အမ်းမရိတ်စ်ဖလား ပွဲစဉ်အဖြစ် ဆီဗီလာနဲ့ကစားမှာဖြစ်ကာ သူတို့ရဲ့ ရာသီကြို​ခြေစမ်းပွဲတွေကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က