သမိုင်းကြောင်းပြိုင်ဘက်ကို ပိုပြီးမုန်းတီးနေတာပါ။

မြို့ခံပြိုင်ဘက်မန်စီးတီးထက် သမိုင်းကြောင်းအရ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကို ပိုပြီးတော့ မနှစ်သက်ဘူးလို့ ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်က ပြောဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးက ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးကို မကြိုက်နှစ်သက်တဲ့အပေါ် အကြောင်းပြချက်မရှိဘူးလို့ ပြောခဲ့ပေမယ့် မန်စီးတီးပရိသတ်မဟုတ်ဘူးလို့တော့ ဆိုပါတယ်။ 

ယူနိုက်တက်ဟာ မဟာရန်သူတော်ကြီး လီဗာပူးလ်ကိုတော့ သဘောမကျဘူးဆိုတာကို ရက်ရှ်ဖို့ဒ်က ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပြီး အသင်းနှစ်သင်းကြား သမိုင်းကြောင်းပြိုင်ဆိုင်မှုတွေကို ပိုပြီးတော့ တင်းမာစေခဲ့ပါတယ်။ လီဘရွန်ဂျိမ်းစ်နဲ့အတူ Show ပွဲတခုမှာ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့တာဖြစ်ပြီး အန်ဖီးလ်က ကစားရတာ အခက်ခဲဆုံးကွင်းဖြစ်တယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ 

"ဟုတ်တယ်၊ လီဗာပူးလ်၊ ကျနော် လီဗာပူးလ်ကိုမကြိုက်ဘူး၊ လီဗာပူးလ်က သမိုင်းကြောင်းရှိတယ်ဆိုတော့ နည်းနည်းပိုပြီးတော့ ခါးသီးတယ်၊ ဒါပေမယ့် မန်စီးတီးကို မကြိုက်သလိုမျိုးဖြစ်နေပေမယ့် သူတို့ကိုမကြိုက်ဖို့ အကြောင်းပြချက်က ကြီးကြီးမားမားမရှိပါဘူး" လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာ ရက်ရှ်ဖို့ဒ်က လီဗာပူးလ်ကို ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဖီးလ်မှာတော့ သူ ဂိုးမသွင်းဖူးသေးပါဘူး။ 

"သူတို့ပရိသတ်တွေ ခင်ဗျားကို ပွဲနဲ့ဝေးရာဆီ ခေါ်သွားနိုင်တယ်၊ တကယ်လို့ ခင်ဗျားက သူတို့ကို လွှတ်ထားရင် ခင်ဗျားနဲ့ဝေးရာဆီ သူတို့က ခင်ဗျားဆီကနေ ယူသွားနိုင်လိမ့်မယ်၊ ကျနော့်ရဲ့ အန်ဖီးလ်က ပထမဆုံးပွဲမှာ အထုတ်ခံရလုနီးဖြစ်ခဲ့တာ၊ ကျနော်က တယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်နာကျင်အောင် လုပ်ဖို့တော့ မကြိုးစားတတ်ဘူး" လို့ ရက်ရှ်ဖို့ဒ်က ထပ်မံပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က